ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Wednesday, February 17, 2010

အောင်မြင်သူ

အောင်မြင်ခြင်းဆိုတာက လူတိုင်းလိုချင်တဲ့ အရာပါ။ ဒါပေမယ့် လူတိုင်း ဘာလို့ မအောင်မြင်ကြတာလဲ? တကယ်တော့ ကျွန်တော်တို့ရဲ့ စိတ်ကို အရင် အောင်မြင်မှ အောင်မြင်ခြင်းဆိုတာကို ရတာပါ။ ကိုယ့်စိတ်ကို မအောင်မြင်ဘဲ တခြားသော အောင်မြင်မှုကို လိုချင်လည်း မရနိုင်ပါဘူး။
အောင်မြင်တဲ့ လူတိုင်းကို အားကျပြီး သူတို့လို အောင်မြင်ဖို့ စိတ်ကူးယဉ်နေရင်တော့ စိတ်ကူးယဉ်တာနှင့် အဆုံးသတ်မှာပါ။ ဒါပေမယ့် စိတ်ကူးသက်သက် ကနေ ရုန်းထွက်လာတဲ့နေ့ကတော့ သင့်အောင်မြင်ခြင်းကို ဆုပ်ကိုင်ဖို့ ခြေလှမ်းလှမ်းလိုက်တဲ့နေ့ပါပဲ။
လောကကြီးမှာ တစ်ကယ်တော့ စစ်မှန်တဲ့ အောင်မြင်ခြင်းရသူ ဆိုတာက အရာအားလုံးအပေါ်မှာ လောဘ၊ မောဟ၊ ဒေါသတွေ ငြိမ်းအေးတဲ့လူကို ပြောကြတာပါပဲ။
ဒါကြောင့် အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင်တော့ လောဘ၊ မောဟ၊ ဒေါသ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ကို အရင်ဖြတ်တောက်ဖို့ လိုပါတယ်။ ဒါမှ အောင်မြင်ခြင်း အမှန်ကိုရမှာပါ

No comments:

Post a Comment