ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Thursday, February 25, 2010

စိတ်ကူးထဲမှာ … မေမေ့ အုတ်ဂူမှာ ထိုးမယ့်ကဗျာ


မေမေက ရှေ့ကနေ မျက်ရည်ကျတယ်
ကျနော်က မေမေ့နောက်က မျက်ရည်ကျပြီး လျှောက်တယ်
ကျနော်တို့ သားအမိဟာ ဘ၀ရဲ့ ၀န်ထုပ်ဝန်ပိုးတွေနဲ့ …။

ကျနော်က ဘုမသိ ဘမသိ
မေမေ မျက်ရည်ကျလို့ လိုက်ကျနေတာ
အဲလို … ကျနော်ထင်ခဲ့တာ …။

တကယ်တော့ မေမေရယ်
ကျနော် သူပုန်လုပ်နေတာ မေမေက အသိဆုံးဖြစ်မှာ …။ ။

ကမာပုလဲ
၂၀၁၀

No comments:

Post a Comment