ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Sunday, March 21, 2010

မကွေးနှင့် ပွဲစဉ်တွင် ဇေယျာရွှေမြေ ကစားသမား အချို့ ကုတ်ခြစ် ခံရသည့် ဒဏ်ရာများ ရရှိ

ပြီးခဲ့သည့် မကွေး - ဇေယျာရွှေမြေ ပွဲစဉ်တွင် ဇေယျာရွှေမြေ ကစားသမား အချို့သည် ချွန်ထက်သည့် အရာ တစ်ခုခုဖြင့် ကုတ်ခြစ် ခံရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ကစားသမား များမှာ ဇေယျာရွှေမြေ၏ ကိုရီးယား ကစားသမား ကင်ကျူဂျွန်းနှင့် ဂျောင်ဆောင်းဘီ၊ ဆွီဒင် ကစားသမား အလက်ဇန္ဒားတို့ ဖြစ်ကြသည်။ အဆိုပါ ကစားသမား ၃ ဦးသည် တိုက်စစ် အသားပေး ကစားသမားများ ဖြစ်ကြပြီး မကွေး နောက်တန်းမှ အာဖရိက ကစားသမား များနှင့် ဘောလုံး ယှဉ်လုရင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဒဏ်ရာ များသည် လက်သည်း (သို့မဟုတ်) ချွန်ထက်သည့် အရာ တစ်ခုခုဖြင့် ကုတ်ခြစ် ခံရသည့် ပုံစံ ရှိကာ လည်ပင်း၊ မျက်နှာနှင့် ရင်ဘတ် တို့တွင် အနီစင်း ကြီးများ ဖြစ်ပေါ် နေခဲ့သည်ကို တွေ့ရသည်။



“သူတို့ ဒဏ်ရာတွေ ဘယ်လို ရသွားတယ်။ ဘယ်သူက လုပ်တယ် ဆိုတာကိုတော့ ကျွန်တော် မတွေ့မိလိုက် ပါဘူး။ သူတို့ ပြောတာတော့ မကွေးက အာဖရိက ကစားသမား တွေနဲ့ ဘောလုံးလုရင်း ရလာတာလို့ ဆိုပါတယ်။ ဘောလုံး အားကစားမှာ တစ်ဘက် ကစားသမားကို ရည်ရွယ်ချက် ရှိရှိ ထိခိုက်ဒဏ်ရာ ရအောင် လုပ်တဲ့ ဖြစ်ရပ်မျိုး ကိုတော့ ကျွန်တော် ရှုံ့ချပါတယ်။ ဒီနေ့ပွဲ ဟာလည်း တကယ့်ကို ဆိုးဆိုးရွားရွား ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင် ၃ မှတ် အပြည့် ရလိုက်တဲ့ အတွက် ကျွန်တော် ကျေနပ် ၀မ်းမြောက် မိပါတယ်” ဟု ဇေယျာရွှေမြေ နည်းပြချုပ် စတီဖန် ဟန်ဆန်က Soccer Myanmar သို့ ပြောကြား ခဲ့သည်။



ယင်းပွဲစဉ်တွင် ဇေယျာရွှေမြေ အသင်းသည် မကွေး အသင်းကို တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင် ရခဲ့ခြင်း ဖြစ်သည်။ သို့သော် ပွဲချိန် အတွင်း နှစ်ဘက် ကစားသမားများ ကတောက်ကဆ ဖြစ်ပွားမှု အများအပြား ရှိခဲ့သလို ပွဲအပြီး တွင်လည်း နည်းပြချုပ် ဟန်ဆန် အပါအ၀င် ဇေယျာရွှေမြေ အုပ်စုနှင့် မကွေး ကစားသမား အုပ်စုတို့ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားမှု ရှိခဲ့သည်။

No comments:

Post a Comment