ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Friday, February 26, 2010

အလိုက်တာ

မီးသတ်ရဲဘော်.... ဘယ်မှာမီးလောင်တာလဲ
အကြောင်းကြားသူ.... ကျွန်တော့်အိမ်မှာပါ
မီးသတ်ရဲဘော်...... ဘယ်နေရာမှာလဲလို့ မေးတာ
အကြောင်းကြားသူ.... မီးဖိုဆောင်မှာပါ
မီးသတ်ရဲဘော်.... အဲဒီနေရာကို ဘယ်လိုလာရမလဲလို့ မေးတာ
အကြောင်းကြားသူ..... ဟာ... ခင်ဗျားတို့ဆီမှာ မီးသတ်ကားရှိနေတာပဲ

No comments:

Post a Comment