ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Friday, February 26, 2010

အသစ် စက်စက်

ဆေးပညာ အလွန်တိုးတက်တဲ့ခေတ်မှာ သေဆုံးသူရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ခွဲစိပ်ပြီး သိမ်းထားနိုင်သလို အဲဒီ အစိတ်အပိုင်းတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လူတွေအတွက် ပြောင်းရွေ့ ကုသပေးလို့ရတယ်။ ကားပြင်ဆိုင်က ကားပစ္စည်းအဟောင်းတွေလို လိုချင်တဲ့ တံဆိပ်၊ အရွယ်အစားကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။

တစ်နေရာမှာ ဦးနှောက်အဟောင်း ရောင်းဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်မှာ မတူတဲ့လူတန်းစား၊ မတူတဲ့ အဆင့်အတန်းက လူတွေရဲ့ ဦးနှောက်ကို ရောင်းတယ်။ အတန်းစား မတူတဲ့အတွက် ရောင်းဈေးကလည်း အမျိုးမျိုးရှိတယ်။

ရိုးရိုးသာမန်လူရဲ့ ဦးနှောက်က၂သောင်း
ဆရာဝန်၊ အင်ဂျင်နီယာတွေရဲ့ ဦးနှောက်က ၃သောင်း
သိပ္ပံပညာရှင်၊ စီးပွါးပညာရှင်တွေရဲ့ ဦးနှောက်က ၅သောင်း ... အစရှိသလို
နောက်လူတစ်မျိုးရဲ့ ဦးနှောက်က အထူးဈေး ၁သိန်းအထိ ရောင်းဈေးရှိသတဲ့။

ဈေးအကြီးဆုံး ဦးနှောက်ကို ဦးနှောက်ဝယ်သူ တစ်ဦးက "ဘာလူမျိုးရဲ့ ဦးနှောက်မို့လို့ အဟောင်းဈေးတောင် ဒီလောက်ရှိရသလဲ"လို့ မေးခဲ့တယ်။

ဆိုင်ရှင်က "ဒီဦးနှောက်က နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဦးနှောက်ဖြစ်လို့" လို့ ရှင်းပြတယ်။

ဝယ်သူက "နိုင်ငံခေါင်းဆောင်ရဲ့ ဦးနှောက်က စီးပွါးပညာရှင်၊ သိပ္ပံပညာရှင်ရဲ့ ဦးနှောက်ထက် ပိုကောင်းနေလို့လား" လို့ နားမလည်စွာ မေးတော့

"မဟုတ်ဘူး.... သူ့ဦးနှောက်က လက်ဟောင်းဆိုပေမယ့် အသစ်နဲ့မကွာဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တစ်ခါမှ ဦးနှောက်ကို မသုံးခဲ့ဖူးဘူး" လို့ ဆိုင်ရှင်က ပြန်ရှင်းပြခဲ့တယ်။

No comments:

Post a Comment