ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Wednesday, March 10, 2010

ဆုတောင်း

လောကတွင် ကျွန်တော်အပါအ၀င် လူတိုင်းသည် မိမိကိုယ်မိမိ အရာအားလုံး၌ မှန်သည်ဟုထင်တတ်ကြသည်။ ထို့ကြောင့် အရေးအကြောင်းတစ်စုံတစ်ခုဖြစ်လာသောအခါ ထိုဖြစ်ပျက်သောအရာကို အမှန်အတိုင်းမြင်ရန် မကြည့်တော့ဘဲ မိမိ မှန်သည်ဟု ခံယူသောအရာပေါ်တွင် ရပ်တည်တတ်ကြသည်။ ထိုသို့သော အရာက မိမိတို့ကို လမ်းမှန်ပေါ်တို့ ပို့ပေးနိုင်မည်မဟုတ်ပေ။
အမှန်တရားဆိုသည်မှာ မိမိတို့နှင့် အလွန်တရာ ဝေးကွာသောအရပ်တွင် ပုန်းခိုနေသည်မဟုတ်ပေ။ မိမိမှားနေသောအရာနှင့် ကျောခြင်းကပ်တွင် ရှိနေခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ပင်ဖြစ်သည်။
လောကကြီးတွင် အမှားများစွာအနက် အကြီးမားဆုံးနှင့် ကြောက်စရာ အကောင်းဆုံးသောအမှားမှာ မိမိကိုယ်မိမိ မှန်နေသည်ဟု တစ်ထစ်ချထင်မှတ်နေခြင်းပင်ဖြစ်သည်။ လူဆိုသည်မှာ အမြဲတမ်းမမှားတတ်သလို အမြဲတမ်းလည်း မမှန်ကန်တတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို သတိချပ်သင့်လှသည်။ မိမိ မှန်ကန်နေသည်ဟု ထင်နေသော အချိန်တွင်ပင် အမှားများဆက်တိုက်လုပ်နေမိသော အချိန်ဖြစ်တတ်သည်။
ထို့ကြောင့် အမှန်တရားကို သိနိုင်ဖို့ရန် အကြောင်းတရားနှင့် အဖြစ်အပျက်များကို သေချာလေ့လာသင့်သလို မလေ့လာမဆင်ခြင်ပဲ သူတစ်ပါးကိုလည်း အပြစ်တင် မစောသင့်ပေ။
လောကကြီးကို မှန်ကန်စွာ ကြည့်တတ်သောသူများဖြစ်နိုင်ကြပါစေလို့ ...

No comments:

Post a Comment