ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Friday, March 19, 2010

ကချင်ပြည်နယ်တွင် ဗုံး အလုံး ၃၀ ကျော် ဖမ်းမိ

Thursday, 18 March 2010 21:30
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ၀ါဝမ်ကျေးရွာအနီး၌ မတ်လ ၁၃ ရက်နေ့က ဗုံးအလုံး ၃၀ ကျော် ကို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည် ။
မိုးမောက်မြို့နှင့် ၄ မိုင်ခန့်အကွာရှိ ၀ါဝမ်ကျေးရွာအနီး ဆိုင်ကယ်စီးလာသူ ရွာသားတစ်ဦးထံမှ မူးယစ်ရဲတပ်ဖွဲ့က ဗုံး ၈ လုံး စတင်ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ပထမဖမ်းမိတာတော့ ဗုံး ၈ လုံး၊ ၀ါဝမ်ရွာသားတစ်ဦး ဆိုင်ကယ်နဲ့သယ်လာတာကို ရဲကမိတယ်။့ နောက်ပိုင်းစစ်ဆေးချက် အရ နောက်ထပ်ဗုံးတွေပါ ဖမ်းမိတယ် ” ဟု ဒေသခံက ပြောသည် ။

ယခုဗုံးဖမ်းဆီးရမိမှုကြောင့် ၀ါဝမ်ကျေးရွာ ဥက္ကဋ္ဌ အပါအ၀င် ကျေးရွာသား ၈ ဦး အား ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဝါ၀မ်ကျေးရွာသည် ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဋ္ဌာနချုပ် လိုင်ဇာနှင့်ကားလမ်းပေါက်သော နေရာဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင် ကေအိုင်အိုအဖွဲ့နှင့် အဆိုပါဗုံးများ ဆက်စပ်မှုရှိမရှိ မသိရ သော်လည်း ယခု ဗုံးဖမ်းမိ သည်မှာ မှန်ကန်ကြောင်း ကေအိုင်အိုနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

လတ်တလော ကချင်ပြည်နယ်အတွင်း လမ်းတံတားလုံခြုံရေးအတွက် နအဖစစ်တပ်နှင့်ရဲတပ်ဖွဲ့များ လုံခြုံရေး တိုးမြှင့်ချ ထားကြောင်း ဒေသတွင်းခရီးသွားများ ထံမှ သိရသည်။

ထို့အပြင် ကေအိုင်အို ထိန်းချုပ်ရာ နယ်စပ်ဒေသများသို့ နအဖစစ်တပ်များ စေလွတ်နေကြောင်း စစ်ဘက်သတင်းများက ဆိုသည်။

အထူးသဖြင့် ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် မိုင်အနည်းငယ်ခန့်ဝေးသော ဒုံဖုန်းယန်ရွာတွင် တပ်ရင်း ၂ ရင်းပို့ လွတ်ထားပြီး ပါဂျောင် နားဖေါ့တပ်စခန်းများ၌လည်း နအဖစစ်အင်အား ဖြည့်တင်းထားသည်ဟု ဆိုသည်။

No comments:

Post a Comment