ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Monday, March 29, 2010

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ click
မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေး ဥက္ကဋ္ဌ မတက် click

အန်အယ်လ်ဒီ ရုံးရှေ့တ၀ိုက် ဒီဒေး (Dicision Day) မြင်ကွင်း click

မွန်နှင့် ကရင်ပြည်နယ်အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်များ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ် click

ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် click

စစ်အစိုးရကို ဂျပန်က အကူအညီသစ်များ ပေးမည်မဟုတ် click

NLD နိုင်လျှင် အမေရိကန် လွှမ်းမိုးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော click

ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက် click

မှတ်ပုံတင်ခွင့် မရသေးမီ ပါတီ (၂) ခု ဟောပြောစည်းရုံး click

ရွေးကောက်ပွဲ သတင်းဆောင်းပါးများ ဆင်ဆာဖြတ်တောက် ခွင့်ပြု click

ရွေးကောက်ပွဲသတင်း ပုဂ္ဂလိကမီဒီယာများ စတင်ဖော်ပြခွင့်ရ click

နယ်ခြားစောင့်တပ်အရေး မွန်ပြည်သစ် ယခင်အတိုင်း ဆက်လက်ရပ်တည်မည် click

ဝ ဒေသအတွင်းသို့ ဝင်ရောက်မှု တင်းကျပ်ထား click

စစ်တပ် ညှဉ်းပန်းမှုကြောင့် ရွာသား (၁) ဦး သေဆုံး click

ဝက်တုပ်ကွေး သံသယ တပ်မတော်နေ့ကို ဂယက်ရိုက် click

မူဆယ်မြို့နယ်အတွင်း အိမ်ယာမြေများ သိမ်းယူ click

မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ click

မလေးရှားတွင် တရားဝင် နေထိုင်သူများလည်း အဖမ်းခံရ click

သမ္မတ အိုဘားမား ပထမအကြိမ် အာဖဂန် ရောက် click

Saturday, March 27, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းက ပါတီမှတ်ပုံမတင်သင့်ဟု ဆုံးဖြတ် click
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြန်ဆုံးတွေ့ဆုံရေး NLD တောင်းဆို click
တော်လှန်ရေးနေ့ အခမ်းအနား NLD ကျင်းပပြုလုပ် click
နေပြည်တော်၌ (၆၅) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ click
လိုအပ်ရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော် ပါမယ် click
Tin Oo Calls on Army to Stay Out of Politics click
Veteran Politicians Denounce Election Laws on Armed Forces Day click
Anti-Fascist Revolution Day - March 27 click
Than Shwe Sets Ground Rules for Polls click
Myanmar elections will be fair, says military leader click
One killed seven injured in accident in Chin State click
Weekly Business Roundup (March 27, 2010) click
Burma's Gruesome Animal Trade click
ရွေးကောက်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် လုပ်ရန်ပြင် click
မလျော်ကန်သည့် မဲဆွယ်မှုကို ရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြော click
တပ်မတော်နေ့ သတင်းယူရန်သွားသည့် စီအန်အန်သတင်းထောက်ကို နှင်ထုတ် click
စစ်အစိုးရ၏ လုပ်ဆောင်ချက် စိတ်ပျက်ဒေါသထွက်ဖွယ် - ဘန်ကီမွန်း ക്ലിക്ക്
ပါတီ မှတ်ပုံမတင်ရန် ကျောင်းသားခေါင်းဆောင်များနှင့် သံဃာ့တပ်ပေါင်းစု ပန်ကြား click
မွန် MNDF ရွေးကောက်ပွဲ မဝင် click
နိုင်ငံရေးပါတီများ ထုတ်ဝေခွင့် ညွှန်ကြားချက် ထုတ်ပြန် click
အမေရိကန်စစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းလို click
ဗကသခေါင်းဆောင်ဟောင်း ကိုညိုထွန်း နိုင်ငံရေးပါတီဖွဲ့ရန် ပြင်ဆင် click


အားလုံးတော့ မဟုတ်ပါ

တစ်ခါက

တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်.။ သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်း မသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။
သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည် ဆိုတာ သာမာန် ထမင်းစားပြီးသူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်.။ ဒီအချိန်မှာ လူငယ်တွေကသာ သူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ.။ ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ်၊ ထိပ်တန်းဆိုင် ။ ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာ ဒီဆိုင်မှာ ဖွင့်ထားတာက အဲဒီအချိန်မှာ နာမည်ကြီး လူငယ် အကြိုက်ဆုံး သီချင်းခွေ ၊ လူငယ်အားလုံးကလည်း ဒီသီချင်းလေးကို နားထောင်နေတဲ့ အချိန်။
ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့ လူတစ်ယောက်က ကောင်တာကို ထသွားပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်.။

“ အကို ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား.။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက. . .

“ ဟ . . မင်းအခွေက ဘာခွေလဲကွ. .။ ”

“ ဟို. .သီချင်းခွေပါ. ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ. . ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ.။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက . .

“ အင်းလေ . . ခဏတော့ရမယ်.။ ဒါပေမဲ့ ငါတို့ကလည်း Customer တွေနဲ့ လုပ်ရတာ ဆိုတော့ သူတို့ ကြိုက်တာ ၊ အခု ခေတ်ပေါ်နေတာတွေကို ဖွင့်ပေးရတယ်.။ မင်းသီချင်းခွေကို ဖွင့်လို့ သူတို့ မကြိုက်ဘူး ပိတ်ပေးပါ ဆိုရင်တော့ ငါ့ကို အပြစ်တော့ မပြောနဲ့ကွာ.နော်..။ နားလည်ပေး .။ ဟုတ်ပြီလား.။ ”

ဒီတော့ သီချင်းခွေဖွင့််ခိုင်းတဲ့ အဆိုတော် ပေါက်စလေးက
မျက်နှာငယ်လေးနဲ့. .

“ ဟုတ်ကဲ့. . အကို.။ ကျွန်တော် နားလည်ပါတယ်.။ ”

“ ဒါနဲ့ မင်းအခွေက ထွက်ပြီလား.။ ”

“ မထွက်သေးဘူး အကို.။ ဒီလကုန်ထွက်မယ်.။ ”

“ သြော်..အေးအေး..။ ဒီသီချင်းပြီးရင် ဖွင့်ပေးမယ်.။ ”

ဒါနဲ့ ခဏနေတော့ လက်ရှိဖွင့်နေတဲ့ သီချင်းလည်း ပြီးရော၊ ဆိုင်ရှင် အကိုကြီးက အဆိုတော်သစ်လေး ပေးလိုက်တဲ့ အခွေလေးကို ဖွင့်လိုက်တယ် ဆိုရင် ဆိုင်ထဲက လူငယ်တွေ ငြိမ်ကျသွားတယ်.။ အကောင်းငြိမ်တာတော့ မဟုတ်ပါ. ။ သူတို့ မျှော်လင့်ထားတာက ဒီသီချင်းပြီးရင် နောက် ဘာသီချင်းပေါ့ .။ အခုတော့ သူတို့ မသိတဲ့ သီချင်းသံထွက်လာတယ်.။ ဒါကြောင့် နားစွင့်ရင်း ငြိမ်သွားတာ...။
ဒီမှာ သူတို့ မကြားဖူးတဲ့ အဆိုတော် တစ်ယောက်ရဲ့ ပေါက်ကွဲအော်ဟစ် တေးဆိုသံကို ကြားလိုက်ရတယ်.။ ဒီတော့ ငြိမ်နေတဲ့ လူငယ်တွေ ဘာမှ မပြောပဲ တစ်ပုဒ်တော့ နားထောင်နေတယ်.။ ပြီးတော့ နောက်ထပ် တစ်ပုဒ်လည်း ရောက်ရော. . ဆိုင်ထဲက လူငယ်တွေက-

“ ဟာ..ဘာသံကြီးလဲဗျာ.။ ဘာသံနဲ့ အော်ဟစ်နေတာလဲ..။ ကို----ရေ ဘာတွေဖွင့်နေတာလဲဗျာ..။ ဘယ်က သီချင်းကြီးလဲ.။ ခုနခွေပဲ ပြန်ပြောင်းလိုက်ပါ.။ ”

ဒီတော့ ဆိုင်ရှင်က

“ ဟိုက ညီလေး ဖွင့်ခိုင်းတာပါကွာ.။ သူဆိုထားတဲ့ သီချင်းလို့ ပြောတယ်.။ ခဏလေးပါ.။ ၃ ၊ ၄ ပုဒ်လောက်ပါပဲ..။ ခဏတော့ နားထောင်ကြည့်ပါကွာ..။ ”

ဒီလိုနဲ့ ၃ ၊ ၄ ပုဒ် ပြီးသွားတော့လည်း အဆိုတော်အသစ်ရဲ့ အသံကို ကြားဖူးနေတာ မဟုတ်တဲ့ အတွက် သူတို့ နားမယဉ်ပဲ ကန့်ကွက်ကြပြန်တာပါပဲ..။

“ ကို----ရေ.။ ပိတ်ပါတော့ဗျာ.။ အကို ပိတ်မလား ၊ ကျွန်တော်တို့ ပြန်ရမလား..ဟားဟားဟား..။ ”

ဒီလိုနဲ့ ဆိုင်ထဲမှာ အမြဲလာ စားသောက်ကြပြီး ဆိုင်ရှင်နဲ့ ရင်းနှီးနေတဲ့ လူငယ်တွေက ဒီလို ပြောတော့ ဆိုင်ရှင် အကိုကြီးလည်း ခွေကို ထုတ်ဖို့ပဲ ဖြစ်နေတော့တယ်.။
အဆိုတော် လူငယ်လေးကို ကြည့်လိုက်တော့ မျက်နှာ မပေါ်အောင် ငိုက်ဆောင်းထားတဲ့ ဦးထုပ်အောက်က ခေါင်းက အောက်ကို စိုက်ကြနေတယ်.။ ဒါ အရက်မူးနေလို့ မဟုတ်ပါ.။ စိတ်ဓါတ်ကျ သွားမိခြင်းပါပဲ.။
အဆိုတော် လူငယ်လေးနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် တစ်ယောက်ကတော့ ဘာမှ တုန်လှုပ်ပုံမပြ ၊ သူ့မျက်နှာကိုလည်း မမြင်ရ.။ အဆိုတော်လေးကိုလည်း အားပေးစကားမပြော ၊ အဆိုတော်လေးကတော့ လက်တွေတောင်မှ တဆက်ဆက်တုန်နေပြီ...။ ဒီအချိန်မှာပဲ ဆိုင်ထဲက လူငယ်တွေက . .

“ ကို--- ပြောင်းလိုက်တော့လေဗျာ.။ အခု သီချင်းက ဘာတွေမှန်းလည်း မသိဘူး.။ ”

တကယ်တော့ အဆိုတော် အသစ်ဆိုတဲ့ အတိုင်း သူ့အသံ ၊ သူ့ဆိုပေါက်ကို မရင်းနှီးသေးလို့ပါ.။ ဒါကြောင့်လူငယ်တွေ လက်မခံနိုင် ဖြစ်နေကြရတာ.။ ဒါနဲ့ပဲ နောက်ဆုံးမှာ လူငယ်တွေရဲ့ တောင်းဆိုမှုကြောင့်
ဆိုင်ရှင် အကိုကြီးလည်း ဘာမှ မတတ်နိုင်ပဲ စိတ်မကောင်းစွာ အဆိုတော်သစ်လေးရဲ့ အခွေကို ထုတ်ဖို့ လက်အပြင်လိုက်မှာ...

“ မထုတ်ပါနဲ့..ဖွင့်ထားပါဦး.။ ဒီသီချင်းလေးက ကောင်းပါတယ်.။ နင်တို့ကလည်းဟာ ခဏတော့ စောင့်ပါဦး.။ နင်တို့ နားမယဉ်သေးလို့ မကောင်းတာပါ.။ အသစ်ဆိုတော့လည်း ဒီလိုပဲပေါ့.။ နင်တို့က အသစ်ဆို
လက်မခံချင်တာ.။ ”

ဒီလို အသံလေးတစ်ခုကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက်ကျနေတဲ့ အဆိုတော်သစ်လေး ခေါင်းဆက်ခနဲ့ မတ်လာပြီး အသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်.။ သူနဲ့ အတူတူ
သူ့အဖေလို့ထင်ရတဲ့ လူတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် လာထိုင်တာ လို့ ထင်တယ်.။ ဆိုင်ထဲမှာ ရှိတဲ့ လူငယ်တွေနဲ့ကလည်း တစ်ရပ်ကွက်သားချင်းဆိုတော့ သူငယ်ချင်း ဖြစ်ဟန်တူတယ်.။ ဒါကြောင့်လည်း ကောင်မလေးက ဒီလို ပြောရဲတာ ဖြစ်မည်.။
ပြီးတော့ ကောင်မလေး ဆက်ပြေတယ်. . .

“ ပြီးတော့ နင်တို့ စဉ်းစားကြည့်လေ.။ နင်တို့သာ ဒီလို အဆိုတော် ဖြစ်ပြီး နင်တို့ ဆိုထားတာကို ဒီလို အပြောခံရပြီး အဝေဖန်ခံရရင် ဘယ်လို ခံစားရမလဲ..။ ဝေဖန်တယ် ဆိုပြီး မကောင်းတာ ပြောမှာထက် ဘယ်လို
လုပ်ရင် ကောင်းမယ် ဆိုတာကိုပဲ ကြည့်ပြီး အကောင်းဘက်ကိုပဲ ပြောတတ်ရတယ်.။


သူမ ဒီလို ပြောလိုက်တော့ ဆိုင်ထဲက လူငယ်တွေကလည်း ဘာမှမပြောတော့ အဆိုတော် လူငယ်ဘက် လှည့်ကြည့်ပြီး ငြိမ်သွားတယ်.။ သူတို့လည်း အားနာသွားတဲ့ ပုံစံတွေ ပြလာကြတယ်.။ ဒါနဲ့ပဲ အဆိုတော်သစ်လေးရဲ့
အခွေကို တစ်ဖက်လုံးလုံးပြီးအောင် ဖွင့်ခဲ့တယ်.။ တစ်ဖက်ပြီးတဲ့ အချိန်မှာတော့ အဖော်ပါလာတဲ့ လူက ဘာပြောလိုက်တယ် မသိဘူး.။ အဆိုတော်သစ်လေးက ဆိုင်ကောင်တာကို ထသွားပြီး ဆိုင်ရှင်လူကြီးကို. .

“ ကျေးဇူးတင်ပါတယ်.အကို.။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်.။ ဖွင့်ပေးတဲ့ အတွက် အ၇မ်းကို ကျေးဇူးတင်ပါတယ်.။ ”

ဒိလိုပြောပြီး သူခွေလေးကို ပြန်ယူလာတယ်.။ နောက်တော့ သူစားပွဲမှာ ထိုင်ပြီး ဆော့ပင်လေးထုတ်ပြီး အခွေကာဗာမှာ တစ်ခုခုရေးနေတယ်.။ ပြီးတော့ သူတို့ စားထားသမျှ ရှင်းပြီး အထမှာတော့ အဆိုတော်သစ်လေးက ခုက သူ့အခွေကို ဆက်ဖွင့်ဖို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို တန်းသွားပြီး .. .
“ ကျေးဇူးတင်လိုက်တာ ညီမလေးရာ.။ သူများတွေ အကို့ သီချင်းကို လက်မခံဘူးလို့ ပြောနေချိန်မှာ အကိုလည်း တကယ်ကို စိတ်ဓါတ်ကျသွားတယ်.။ ဒီအချိန်မှာ ညီမလေး ပြောလိုက်တဲ့ စကားကြောင့် အကို ဘယ်လောက် စိတ်ဓါတ်တတ်သွားလဲ .ညီမ သိမှာ မဟုတ်ဘူး.။ ဒါပေမဲ့. . ဘာပဲ ပြောပြော ညီမလေးကို ကျေးဇူးတင်ပါတယ်။
ရော့...ဒါကတော့ အကို့ဆိုထားတဲ့ အခွေ ၊ ညီမကို လက်ဆောင်ပေးတာ ဒီလကုန်ထွက်မယ် ညီမ.။ ညီမပြောခဲ့စကားတွေ အကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး.။ အကို အမြဲကြားယောင်နေမှာပါ..။ ”

ကောင်မလေးကလည်း အဆိုတော်အသစ် ပေးတဲ့ အခွေကို လှမ်းယူပြီး အဆိုတော်သစ်ကို ပြုံးပြလိုက်ရင်း.

“ အကိုက ဘာနာမည်နဲ့ ဆိုတာလဲ.။ ”

ဒီတော့ အဆိုတော်သစ်က . .

“ အကိုခွေမှာ ပါတယ်လေ ညီမ.။ ဟိုဟာက အကို့ကို အဆိုပါ သင်ပေးတဲ့ ဆရာပဲ.။ ”

အဆိုတော်သစ် ညွှန်ပြရာကို ကောင်မလေး ကြည့်လိုက်တော့ ရပ်စောင့်နေတဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်း ထားတဲ့ လူက ခဏမော့ပြီး ပြုံးပြတယ်.။ ကောင်မလေး ထိုလူ့ကို မြင်တော့ အံ့သြသွားပြီ...

“ ဟင်. . ကို-----”

“ ဟုတ်တယ် ညီမလေး ၊ အကိုသွားပြီနော်..။ ဦးကိုလည်း နှုတ်ဆက်ပါတယ်.။ ကျွန်တော်သွားတော့မယ်.။ ”

အဆိုတော်သစ်လေးက ကောင်မလေး အဖေကိုပါ နှုတ်တဆက်ပြီး ထွက်သွားလေတော့သည်.။

______________________________
__

ဒီအဖြစ်အပျက်လေးက တကယ်ကို အပြင်မှာ ဖြစ်ခဲ့တာပါ.။ ကျွန်တော် ဘာလို့ သိနေရတာလဲ ဆိုတာ့ အဆိုတော်သစ်ကို ပြောခဲ့တယ် ဆိုတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အတန်းအတူတူ သူငယ်ချင်း ဖြစ်ပြီး
သူပြန်ပြောပြခဲ့တာပါ.။
နောက် အဆိုတော်သစ် အမှတ်တရ ပေးသွားတဲ့ အခွေလေးကိုလည်း ပြပါတယ်။ ဟုတ်ပါတယ် ။ ဒီအခွေမှာ အဆိုတော်ရဲ့ လက်မှတ်လေးပါတယ်.။ အမှတ်တရ လို့ လည်း ရေးထားတယ်.။ ဒီအခွေကို ကြည့်လိုက်တော့ အဆိုတော်က “ မျိုးကြီး ” ဖြစ်ပြီး အခွေကတော့ “ ကျောက်စာများ ” အခွေပဲ ဖြစ်ပါတယ်။
အဲဒီအချိန်က အဆိုတော် အသစ်လေး ဖြစ်တဲ့ “ မျိုးကြီး ” နဲ့ အတူတူပါလာတာကတော့ “ ကိုလေးဖြူ ” ပါပဲ.။ ဒါပေမဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီး မထင်တဲ့ အချိန် ၊ မထင်တဲ့နေရာကို လာတာ ဆိုတော့ ဘယ်သူမှ သတိမထားမိလိုက်တာပါ.။
ဘယ်သူမဆိုတော့ ဘဝမှာ မအောင်မြင်ခင် အချိန်မှာ အဝေဖန်ခံရ နိုင်ပါတယ်.။ အောင်မြင်နေတဲ့ အချိန်မှာလည်း အဝေဖန်ခံရ နိုင်ပါတယ်.။ ဒါပေမဲ့ လူတွေ အားလုံးကတော့ မဝေဖန်ကြပါဘူး.။ အကောင်းမြင်သူ ၊ အပြုသဘောနဲ့ ပြောသူများ ရှိနေပါသေးတယ်.။ ဒီလိုလူတွေ ရှိနေတာနဲ့တင် ကျွန်တော်တို့ ဘဝမှာ အသက်ဆက်ရှင်သန်နိုင်ပါတယ်.။

--
" May be happy & healthy throughout your life ! "
Min Thein @ Showe Ti

Wednesday, March 24, 2010

ဝ နယ်မြေရှိ အမှုထမ်းတွေ အမြန်ဆုံး ထွက်ခွာဖို့ မြန်မာစစ်အစိုးရ ညွှန်ကြား click
တရုတ်ပြည်လုပ် တင့်ကားများ မြန်မာပြည်ဘက် တင်ပို့နေ click
လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး click
နိုင်ငံခြားသံအရာရှိများ အဖွဲ့ချုပ်ခေါင်းဆောင်တွေကို လာရောက်တွေ့ဆုံ click
နစ်နာသူဖြစ်လို့ ကုစားခံချင်လို့ဟု ဦးတင်ဦး ပြော click
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံရမှု AI အဖွဲ့ မလေးရှားအစိုးရကို ပြစ်တငclick
ကမ္ဘာတ၀ှမ်း မြန်မာတွေ စုပေါင်းပြီး ပြည်တွင်းမှ လူမှုဝန်ထမ်းကောင်းတွေကို ဆုပေးမည် click
ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို ဦးပိုင်သို့ လွှဲပြောင်းပေးမည် click
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများမှ ၀န်ထမ်းများဘ၀ မသေချာ click
NGO များ ၀ နယ်မှ ထွက်ခွာပေးရန် နအဖဗျူဟာမှူး သတိပေး click
ဝ'နယ်မှ ဝန်ထမ်းနှင့် NGO များ နေရပ်ပြန်ရန် နေပြည်တော် အမိန့်ထုတ် click
စစ်ကြောင်း၏ ပွိုင့်ထိုးမဖြစ်ဖို့ - တြိဂံတိုင်းမှူးထံ လားဟူပြည်သူ့စစ် တောင်းဆို click
ပါတီမှတ်ပုံတင်လျှင် (၂၄) မြို့နယ် ကန့်ကွက်မည် click
ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ရမည့်ကိစ္စ အင်္ဂါဆုတောင်းသူများ လက်မခံ click
ရွှေဂုံတိုင်နှင့် ရပ်တည်ရန် တက်ကြွလှုပ်ရှားသူများ တိုက်တွန်း click

Tuesday, March 23, 2010

၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ လွဲချော်ဖွယ် ရှိသည့် အကောင်းဆုံး ကစားသမား (၁၀)ဦး

တောင်အာဖရိက နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ဖို့ သုံးလလောက်သာ လိုပါတော့တယ်။ ဒီကာလ အတွင်းမှာ ကမ္ဘာ့ဖလား ၀င်ခွင့်ရတဲ့ နိုင်ငံတွေ ထဲက လက်ရွေးစင် ဖြစ်ခွင့် မရနိုင်တဲ့ အကောင်းဆုံး ကစားသမား (၁၀)ဦးကို Goal.com ရဲ့ ဆောင်းပါးရှင် ကာလို ဂါဂန်နိစ်က ရွေးချယ် ဖော်ပြခဲ့ပါတယ်။ အခု ဖော်ပြထားတဲ့ ကစားသမား အားလုံးဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ နိုင်ငံတွေက ကစားသမား တွေချည်း ဖြစ်ပါတယ်။

(၁၀) ပီပီ (ပေါ်တူဂီ)
နာမည်ကျော် ရီးယဲယ်အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်ပြီး လိုအပ်ရင် ကွင်းလယ် အဖျက် ကစားသမား အဖြစ်ပါ ကစားနိုင်တဲ့ ပီပီဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲဝင် ပေါ်တူဂီ အသင်းရဲ့ ခံစစ်ကို ဦးဆောင်မယ့် သူလို့ ပရိသတ် တွေက မျှော်လင့် ခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာ ကစားခဲ့တဲ့ ဗလင်စီယာနဲ့ ပြည်တွင်းလိဂ် ပွဲစဉ်မှာ ညာဘက် ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ဘရာဇီးလ် နွယ်ဖွား ကစားသမား ပီပီရဲ့ အဲဒီ ဒဏ်ရာဟာ အနည်းဆုံး ၆ လလောက် အနားယူ ရတော့မှာ ဖြစ်လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲချော်ဖို့ သေချာ သွားခဲ့ ပါတယ်။

(၉) ရာအူးလ် (စပိန်)
စပိန် လက်ရွေးစင် အသင်းမှာ ပွဲပေါင်း ၁၀၂ ပွဲ ကစားပြီး ဂိုးပေါင်း ၄၄ ဂိုး သွင်းထားတဲ့ ရာအူးလ်ဟာ သူ့ရဲ့ရှေ့က လက်ရွေးစင် ကစားသမား ကြီးတွေရဲ့ စံချိန်တွေ အားလုံးကို ချိုးဖျက် နိုင်ခဲ့သူပါ။ ဒါပေမယ့် သူဟာ အခုအချိန်ထိ ကမ္ဘာ့ဖလား မှာရော၊ ဥရောပ ဖလား မှာပါ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့သေး ပါဘူး။ ပြီးခဲ့တဲ့ ယူရို ၂၀၀၈ တုန်းက စပိန်အသင်း ဥရောပ ချန်ပီယံ ဖြစ်ခဲ့တယ် ဆိုပေမယ့် ရာအူးလ်ဟာ အဲဒီ လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ ရာအူးလ်ဟာ ပြီးခဲ့တဲ့ ၂၀၀၆ စက်တင်ဘာ နောက်ပိုင်း ကတည်းက လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခြင်း မခံရတော့ တာပါ။ လက်ရှိမှာလည်း သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ နည်းပြကြီး ဒဲလ်ဘော့စကေး ကိုင်တွယ်နေတဲ့ စပိန် အသင်းမှာ ဖာနန်ဒို တောရက်စ်နဲ့ ဒေးဗစ် ဗီလာ တို့လို ဒေါင်ဒေါင်မြည် တိုက်စစ်မှူးတွေ ရှိနေလို့ ရာအူးလ်ရဲ့ ကမ္ဘာ့ဖလား အိမ်မက်ဟာ မှုံဝါး သွားခဲ့ပါပြီ။

(၈) ဆီဘက်စတီယန် ဖရေး (ပြင်သစ်)
ပြင်သစ် ဂိုးသမား ဖရေးဟာ အီတလီ စီးရီးအေက အကောင်းဆုံး ဂိုးသမား (၃)ဦး စာရင်းထဲ ပါဝင်နေတယ် ဆိုတာ ဘယ်သူမှ ငြင်းမရပါဘူး။ တခါတရံမှာ အကောင်းဆုံး ပုံစံ ရနေချိန်မှာ နာမည်ကျော် အီတလီ လက်ရွေးစင် ဂိုးသမား ဘူဖွန်နဲ့ အင်တာ မီလန်က ဂျူလီယို ဆီဇာတို့ ထက်တောင် ကောင်းတယ်လို့ တစ်ချို့က ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့ကို ပြင်သစ် လက်ရွေးစင် အသင်း နည်းပြကြီး ရေမွန် ဒေါမနစ်က မသိကျိုးကျွံ ပြုနေတာကြောင့် ပြီးခဲ့တဲ့ ၂၀၀၈ သြဂုတ်မှာ လက်ရွေးစင် အသင်းက အနားယူပြီလို့ ဒီ ၂၉ နှစ်သား ဂိုးသမားကြီးက စိတ်နာနာနဲ့ တရားဝင် ကြေညာခဲ့ပါတယ်။

(၇) အက်ရှ်လေကိုး (အင်္ဂလန်)
ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံလူ တွေထဲမှာ တစ်ဦး အပါအ၀င် ဖြစ်တဲ့ အက်ရှ်လေကိုး အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲအမှီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ ဆိုတာ နီးမလိုလိုနဲ့ ဝေးလွန်းလှ ပါတယ်။ အသက် ၂၉ နှစ် အရွယ်ရှိ ကွင်းလယ် ကစားသမား အက်ရှ်လေကိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွား တာကြောင့် အနည်းဆုံး ၃ လ လောက် နားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲအမှီ ဒဏ်ရာကနေ ပြန်ကောင်းလာတယ် ဆိုရင်တောင် ပုံမှန်ခြေစွမ်း ပြန်ရဖို့ အတွက် ကြိုးစားရဦး မှာမို့ သူလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ လွဲချော်မယ့် သူတွေ စာရင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

(၆) အန်တိုနီယို ကာဆာနို (အီတလီ)
ကာဆာနိုဟာ သူတို့မျိုးဆက် အတန်းမှာ အရည်အချင်းတွေ အဖြုန်းတီ ပစ်ဆုံး ကစားသမားလို့ သတ်မှတ်ခံထား ရသူ တစ်ယောက် ဖြစ်ပါတယ်။ ခြေစွမ်း အရမ်းကောင်း ခဲ့တဲ့ ကာဆာနိုဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေ အခုအချိန် အထိ လက်ရွေးစင် အဖြစ်နဲ့ နိုင်ငံတကာ ပွဲပေါင်း ၁၅ ပွဲသာ ကစားရပါ သေးတယ်။ အသက် ၂၇ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကာဆာနိုဟာ သူ့ရဲ့ စိတ်လိုက်မာန်ပါ အပြုအမူ တွေကြောင့် နည်းပြတွေနဲ့ ပြဿနာ ဖြစ်ခဲ့တာ အကြိမ်ကြိမ် ပါပဲ။ ပြီးခဲ့တဲ့ ယူရို ၂၀၀၈ ပြိုင်ပွဲအပြီး အီတလီ အသင်းကို မာဆယ်လို လစ်ပီ ပြန်လည် ကိုင်တွယ်တဲ့ နောက်ပိုင်း ကာဆာနိုဟာ တစ်ကြိမ် တစ်ခါမှ လက်ရွေးစင် အရွေး မခံရ တော့ပါဘူး။ သူ့ရဲ့ ကလပ်အသင်း ဆမ်ဒိုးရီးယားမှာ ခြေစွမ်း ပြနေပေမယ့် ကာဆာနို အတွက် ကမ္ဘာ့ဖလား ဆိုတာ အခု အချိန်မှာ အိမ်မက် တစ်ခုတောင် ဖြစ်နေပါတယ်။

(၅) ကလဲယားရင့် ဆီးဒေါ့ဖ် (ဟော်လန်)
ချန်ပီယံလိဂ် ဆုဖလားကို မတူညီတဲ့ အသင်း ၃ သင်းနဲ့ ၃ ကြိမ် ဆွတ်ခူးခဲ့ဖူးသူ ဆီးဒေါ့ဖ်ဟာ အသက် ၃၃ နှစ်သာ ရှိသေးပေမယ့် လက်ရွေးစင် အသင်းမှာ ပါဝင်ဖို့ အခွင့်အလမ်း တော်တော် နည်းနေ ပါတယ်။ ဟော်လန် အသင်းအတွက် ပွဲပေါင်း ၈၀ ကျော် ကစားပေး ထားတဲ့ ဆီးဒေါ့ဖ်ဟာ အဓိက ပြိုင်ပွဲကြီးတွေ မှာတော့ ပါဝင်ခွင့် ဆုံးရှုံးနေတာ တွေ့ရတယ်။ သူဟာ ယူရို ၂၀၀၈ ပြိုင်ပွဲမှာ ဟော်လန် အသင်းအတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ ၂၀၀၈ မေလ နောက်ပိုင်းမှာ လက်ရွေးစင် အသင်းကို ယောင်လို့တောင် မရောက်ခဲ့တော့ ပါဘူး။ လက်ရှိမှာလည်း သူနဲ့ လက်ရွေးစင် အသင်းဆိုတာ မီးနဲ့ရေလို တစ်လမ်းစီ ဖြစ်နေပါတယ်။

(၄) ဟွမ် ရိုမန် ရီကွယ်လ်မီ (အာဂျင်တီးနား)
အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်တွေကို အသာစီး မရခဲ့ဘဲ ကံကောင်း ထောက်မလို့သာ ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရီကွယ်လ်မီ မပါလို့ ဆိုပြီးတော့ ပရိသတ်တွေက တညီတညွတ်တည်း မှတ်ချက်ပေးနေ ပါတယ်။ ခေါင်းမာလှတဲ့ နည်းပြ မာရာဒိုနာဟာ ရီကွယ်လ်မီကို လက်ရွေးစင် အသင်း အတွက် ပြန်လည် ရွေးချယ်ဖို့ တူးတူးခါးခါး ဖြစ်နေသလို ရီကွယ်လ်မီ ကိုယ်တိုင်ကလည်း လက်ရွေးစင် အသင်းကနေ ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်သွား ခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက် ကြားက အဓိက ပြဿနာ စတာကက ဘိုကာ ဂျူနီယာ ပရိသတ်တွေဟာ ရီကွယ်လ်မီကို သူတို့ရဲ့ စံပြပုဂ္ဂိုလ် ဆိုပြီး နာမည်တပ်ခဲ့ ကြပေမယ့် မာရာဒိုနာ ကိုတော့ သစ္စာဖောက်လို့ စွပ်စွဲတာပါပဲ။

(၃) ရော်နယ်ဒို (ဘရာဇီးလ်)
ဘရာဇီးလ် နည်းပြ ဒွန်ဂါဟာ ရော်နယ်ဒို အတွက် အချိန်မရွေး တံခါးဖွင့်ထား ဆဲပါလို့ တတွင်တွင် ဆိုနေပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မှာရော၊ တိုက်ကြီးများ ဖလား ပြိုင်ပွဲမှာပါ လက်ရွေးစင် အသင်း အတွက် ရော်နယ်ဒိုကို မရွေးချယ် ခဲ့ပါဘူး။ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ဖူးသူ ရော်နယ်ဒိုဟာ လတ်တလောမှာ ဒဏ်ရာ ပြဿနာ တွေက ပြန်ကောင်းလာပြီး ဘရာဇီးလ် ထိပ်သီး ကလပ် ကိုရင်သီယန်မှာ ခြေစွမ်း ပြနေပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို အနေနဲ့ ဒွန်ဂါရဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းက နေရာ တစ်နေရာကို ရယူဖို့ ဆိုရင် ကိုပါ လီဘာတေးဒိုး ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်မှပဲ ဖြစ်နိုင် ပါတော့မယ်။

(၂) အလက်ဇန္နရို နက်စတာ (အီတလီ)
ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ဦးဖြစ်တဲ့ နက်စတာဟာ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ ဖလားမှာ အီတလီ အသင်း အောင်မြင်မှု ရခဲ့ပြီးတဲ့ နောက်ပိုင်း လက်ရွေးစင် အသင်းကနေ အနားယူ သွားခဲ့ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ လက်ရွေးစင် အသင်း အတွက်ရော၊ ကလပ်အသင်း အတွက်ပါ နှစ်ခုလုံး မပေးဆပ် နိုင်လို့ ဆိုပြီး နက်စတာက ဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၀၈/၀၉ ဘောလုံးရာသီမှာ ထူးထူးခြားခြား ခြေစွမ်းပြနိုင် ခဲ့တဲ့ နက်စတာဟာ လက်ရွေးစင် အသင်းအတွက် ပြန်ပါမယ်လို့ တီးတိုးတီးတိုး အသံ လေးတွေ ညံလာပါတယ်။ အသက် ၃၃ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ နက်စတာဟာ လက်ရွေးစင် အသင်းအတွက် စိတ်ပြန်လည်လာပြီ ဖြစ်ပေမယ့် နည်းပြ မာဆယ်လို လစ်ပီ ကတော့ မနေ့ကပဲ နက်စတာကို ပြန်ရွေးချယ်ဖို့ ငြင်းဆို လိုက်ပါတယ်။

(၁) ရော်နယ်ဒင်ဟို (ဘရာဇီးလ်)
ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၂ ကြိမ်ဖြစ်ဖူးတဲ့ ရော်နယ်ဒင်ဟိုဟာ ဒီရာသီမှာ အသစ်တဖန် ပြန်လည် မွေးဖွား လာတယ်လို့ ဆိုနိုင်ပါတယ်။ စီးရီးအေမှာ အေစီမီလန် အသင်းနဲ့အတူ စွမ်းရည် ပြနေတဲ့ ရော်နယ်ဒင်ဟိုဟာ ဒီရာသီမှာ သွင်းဂိုး ၁၂ ဂိုး ရှိပြီ ဖြစ်ပြီး စီးရီးအေရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။ ဒီလို နိုင်ငံတကာ အဆင့်မှာ ခြေစွမ်းပြနေ ပေမယ့် သူဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် အရွေးမခံရတာ (၁)နှစ် ကျော်နေပြီ ဖြစ်ပြီး ဒီနေ့ည အိုင်ယာလန်နဲ့ ခြေစမ်းပွဲ အတွက်လည်း ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ ဒါကြောင့် ရော်နယ်ဒင်ဟိုဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ လွဲချော်ဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ်နေကြ ပါတယ်။
DKBA တပ်မှူး အိမ်သစ်တက်ပွဲ သိန်းရာချီ အကုန်ခံမည် click
ဒုက္ခသည်စခန်း မီးလောင်၊ (၃၀၀) ခန့် အိုးအိမ်မဲ့ဖြစ် click
လပွတ္တာမြို့နယ်တွင် ခြင်မှတဆင့် ကူးစက်သော အဖျားရောဂါဆန်း ဖြစ်ပွား click
ဗီယက်နမ် သတင်းစာဆရာများ လေ့လာရေး လာရောက်မည် click
ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို စစ်တိုင်းမှူးများက အဆုံးအဖြတ်ပေး click
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားအကြောင်း အစီရင်ခံစာ ထုတ်ပြန် click
ရွေးကောက်ပွဲဝင်လျှင် နိုင်/ကျဉ်းများကို ပစ်ပယ်ရာရောက်ဟု AAPP ပြော click
နယူးဒေလီ မြန်မာသံရုံးရှေ့ဆန္ဒပြ၍ တရားစွဲခံရသူများ ပြန်လွတ် click
ကချင်ပါတီ ဧပြီလတွင် မှတ်ပုံတင်မည် click
အသင်းအဖွဲ့များ ပါတီနိုင်ငံရေး ကင်းရှင်းရန်မလို click
ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များအား တိုင်းမှူးက ဖမ်းဆီးရသည့် ဗုံးများ ပြသ click
တရုတ် ဗဟိုလုံခြုံရေးအဖွဲ့ နေပြည်တော် ရောက်ရှိခဲ့ click
စစ်အစိုးရကို NLD ၏ တရားစွဲမှု ပယ်ချခံရ click
ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် သေဆုံး click
ဒလ သင်္ဘောကျင်း မီးလောင် click
မှိုင်းရာပြည့် ကျောင်းသားအရေးတော်ပုံ (၃၄) နှစ်ပြည့် click
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် သွားမည် click
LA နှင့် ဆန်ဖရန်စစ္စကိုဒေသရောက် မြန်မာတို့က NLD ၏ ရွှေဂုံတိုင်ရပ်တည်ချက်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆို click
အဖွဲ့ချုပ်သတင်း ပြည်တွင်းမီဒီယာ၌ ဖော်ပြခွင့်ရ click
စစ်အစိုးရ ရွေးကောက်ပွဲဥပဒေကို NLD ဝေဖန်ပြောဆို click
နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ၊ ဒေါ်အောင်ဆန်းစုကြည်က မတရားသည့်ဥပဒေဖြင့် မှတ်ပုံတင် ခြင်းကို လက်မခံဟု ပြောကြား click
NLD မှတ်ပုံတင်ရေး ဒေါ်အောင်ဆန်းစုကြည် သဘောမတူပေမယ့် ပါတီဆုံးဖြတ်ချက် လက်ခံမည် click

Monday, March 22, 2010

သဘောပေါက်နိုင်စေသား

လောကတွင် အလင်းနှင့် အမှောင်၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း၊ အောင်မြင်မှုနှင့် ကျဆုံးခြင်းများသည် အလွန် ဝေးလံသော အရပ်ဒေသတွင် ရှိနေကြသည်မဟုတ်ပေ။ ထိုအရာများသည် အလွန်နီးကပ်စွာ ကျောခြင်း ကပ်လျှက်ရှိနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ဘယ်အရာမဆို အကောင်းအဆိုးဆိုသည်မှာ အဝေးဆုံးတစ်နေရာ ဆီတွင် ရှိနေကြခြင်းမဟုတ်။ အနီးကပ်ဆုံးသော နေရာဒေသများတွင် ယှဉ်တွဲကာ နေကြခြင်းဖြစ်သည်။
လောကတွင် တကြိမ်တစ်ခါ ရှုံးနိမ့်ကျဆုံးရုံဖြင့် အားလုံးကို ရှုံးနိမ့်သွားခြင်းမဟုတ်ပေ။ ထိုသိုရှုံးနိမ့်ရာမှ အားအင် အပြည့်ဖြင့် ပြန်လည်နိုးထလာပြီး အအောင်မြင်ဆုံးသော နေရာသို့ တက်လှမ်းခဲ့ကြသူများ ဒုနှင့်ဒေးပင်။ အမေရိကန်သမ္မတ အေဗဟင်လင်ကွန်းသည် အမေရိကန်ရွေးကောက်ပွဲများတွင် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပြီးမှ သမ္မတအဖြစ် အိမ်ဖြူတော်သို့ ချီတက်ခွင့်ရခဲ့သည်။ သူ၏ရှုံးနိမ့်မှုကို အားအင်အဖြစ်မွေးဖွားပြီး အအောင်မြင်ဆုံး သောနေရာသို့ တက်လှမ်းလာခဲ့ပြီး အမေရိကန်သမိုင်းသာမက ကမ္ဘာ့သမိုင်းတွင်ပါ အရေးကြီးသော အလှည့် အပြောင်းဖြစ်သည့် ကျွန်စနစ်ပပျောက်ရေးနှင့် အမေရိကန်ပြည်တွင်းစစ် ချုပ်ငြိမ်းရေးစသည့် သမိုင်းတွင် ကျန်ရစ်သည့် လုပ်ငန်းကြီးများကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့အတူ လျှပ်စစ်များ၏အလင်းရှင်ဖြစ်သော သောမတ်အက်ဒီဆင်သည်လည်း မအောင်မြင်မှုများစွာကို ကျော်ဖြတ်ပြီး အောင်မြင်မှုဆီကိုချီတက်နိုင်ခဲ့ ကြောင်းတွေ့နိုင်သည်။ သူ၏ မလျော့သော ဇွဲလုံ့လကြောင့်သာ လူသားများသည် အလင်းရောင်ကို အသုံးပြုနေနိုင်ခြင်းဖြစ်သည်။
ကျွန်တော်တို့အတွက် အမှောင်ဆုံးသောအချိန်သည် တောက်ပသောအလင်းရောင်ကို မြင်တွေ့ရန် အနီးကပ်ဆုံး အချိန်ဖြစ်သည်။ ဆင်းရဲဒုက္ခရောက်သော အချိန်သည်လည်း ချမ်းသာကြွယ်ဝမှုကို ရောက်ရန် အလွန်နီးစပ်နေ သော အချိန်ကာလပင်ဖြစ်သည်။ ခက်ခဲသောကာလများကို ကျော်ဖြတ်နေရသောာအချိန်တွင် မခံနိုင်လောက် အောင် ခက်ခဲလွန်းသည်ဟု ထင်တတ်ကြသည်။ သို့သော် ထိုအချိန်သည်ပင်လျှင် အောင်မြင်မှုကို စတင်ဆွတ်ခူး ဖို့ အလွန်နီးကပ်သော အချိန်ဖြစ်သည်။ ထို့ကြောင့် အခက်အခဲများအတွက် ညဉ်းတွားမနေဘဲ မိမိ၏ အောင်မြင်မှု လမ်းကြောင်း တစ်ဖြည်းဖြည်းနှီးကြောင်း သဘောပေါက်နိုင်ကြပါစေလို့ ...

Sunday, March 21, 2010

အာဏာရှင်အသင်းနှင့် ဒီမိုကရေစီအသင်းတို့ ယှဉ်ပြိုင်ကစားမှု

http://burmatoday.net/songs/090902_soccer.html
အဖွဲ့ချုပ်ကို လူထုစိန်ဝင်း ဝေဖန် click
NLD မှတ်ပုံတင်ရေး မတင်ရေး အယူအဆ (၂) မျိုး ထွက်ပေါ် click
မတရားတဲ့ ဥပေဒတွေကို ဆန့်ကျင်ဖို့ လူ့ဘောင်သစ်ပါတီ တိုက်တွန်း click
နာဂစ် နာလန်ထူရေး ပျက်စီးတာတမံတွေကြောင့် နှောင့်နှေးနေ click
ရန်ကုန်တွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက် ကျင်းပ click
ရှပ်နီလူစုလူဝေးကြီးက ဘန်ကောက်တမြို့လုံးကို သိုင်းခြုံနေ click
အစိုးရနဲ့ UDD တနင်္လာနေ့မှာ စဆွေးနွေးကြတော့မယ် click
ထိုင်းရှပ်နီတွေ သွေးပန်းချီရေး ကန့်ကွက်မည် click
အိုင်ယာလန် ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန် click
အမေရိကန် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ စစ်သင်္ချိုင်း သရုပ်ဖော် click
Israel won't back down in dispute with U.S., PM says click
Israel's Netanyahu: No Concession on East Jerusalem click
Envoys push for Middle East peace click
Iraq election commission rejects calls for vote recount click
Two Afghan Blasts Kill 12 click
Pakistani Airstrikes Kill 15 in Tribal Areas click
Drought plagues southwest China click
GM Daewoo to recall vehicles click
Nepal's Former Prime Minister Dies click

ယုံကြည်စိတ်ချရမှုမရှိသော ရွေးကောက်ပွဲဥပဒေ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ စစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဖျောင်းဖျတဲ့ကိစ္စနဲ့ အတိုက်အခံက ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ကိစ္စတွေကို ခဏထားလိုက်ပါ။

ဘယ်လိုပဲ ကန့်သတ်ထားပါစေ အုပ်ချုပ်ရေးရာ ကိစ္စတွေမှာ အပြောင်းအလဲတွေ အဆင့်တခုအထိ ဖြစ်မှာက အသေအချာပါပဲ။ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာမယ် ပြီးတော့ ဒေသဆိုင်ရာနဲ့ နိုင်ငံတော်အဆင့်တွေမှာလည်း အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ပေါ်ပေါက်လာလိမ့်မယ်။

ဒါကတော့ ပြည်တွင်း ပြည်ပမှာရှိကြတဲ့ နိုင်ငံရေးသမားတချို့နဲ့ ပညာရှင်တချို့ရဲ့ နိုင်ငံရေး ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည် ရှေ့ဆက်သွားဖို့ဆိုရင် အစိုးရကလမ်းခင်းပေးထားတဲ့မူဝါဒပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကတဆင့် ဗိုလ်ချုပ်ကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းဟာ လက်တွေ့ကျတယ်လို့ သူတို့က ယုံကြည်ထားကြတာပါ။

အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီးတဲ့နောက် အတိုက်အခံကသာ ရွေးကောက်ပွဲမှာ ပါဝင်မယ်ဆိုရင် အာဏာရ ဗိုလ်ချုပ်ကြီးတွေက လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲတခု ကျင်းပလိမ့်မယ်လို့ သူတို့ မျှော်လင့်ထားကြပုံ ရပါတယ်။

ဒါပေမဲ့ စစ်အစိုးရက တရားမျှတပြီး အားလုံး သာတူညီမျှ လိုက်ပါနိုင်မယ့် အရာတွေကို မဆောင်ရွက်တဲ့ အပြင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကိုလည်း သူတို့အသိုင်းအ၀န်း အပြင်ဘက်က ဘယ်သူ တဦးတယောက်ကိုမှ ခေါ်ယူ ညှိနှိုင်းမှု မရှိဘဲ ရေးဆွဲ ပြဌာန်းခဲ့တာမို့ အခုတော့ ရှင်းသွားပါပြီ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၁ “အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်” ပုဒ်မ ၂ (ဃ) မှာ “နိုင်ငံရေးပါတီ ဆိုသည်မှာ စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေး ၀ါဒသဘောတရား တရပ် အပေါ်တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဤဥပဒေအရ တည်ထောင်ခွင့် ပြုထားသော အဖွဲ့အစည်းကို ဆိုသည်” လို့ ဖော်ပြထားပါတယ်။

ဒီအပိုဒ်မှာ ဖော်ပြထားတဲ့ အဓိပ္ပာယ်အရဆိုရင် နိုင်ငံရေးပါတီတခုမှာ ဘယ်လိုမျိုး နိုင်ငံရေး အတွေးအခေါ် ရှိရှိ အဲ့ဒီ နိုင်ငံရေး ပါတီရဲ့ အတွေး အခေါ်ဟာ စစ်တပ်က စည်းကမ်း ချပေးလိုက်တဲ့ “စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်” ပေါ်မှာပဲ မူတည်ရမှာ ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတာကို လိုလားတဲ့ သူတွေက အသစ် ဖြစ်ထွန်းလာမယ့် ဖွဲ့စည်း အုပ်ချုပ်မှု ဘောင်ထဲမှာ အပြောင်းအလဲ ဖြစ်လာမယ်လို့ မျှော်လင့်ကြပါတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲ ဥပဒေပါ စစ်အစိုးရရဲ့ နိုင်ငံရေး လှည့်ကွက်က သူတို့ကို “ (စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ စနစ်) နိုင်ငံရေး အတွေးအခေါ် အောက်က ပါတီစုံစနစ်” ကိုပဲ ထူထောင်ခွင့် ပေးပါလိမ့်မယ်။ ဒါဟာ စစ်အစိုးရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမထားတဲ့ စံနှုန်းများနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆိုရှယ်လစ် စနစ်နဲ့ အခု “စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်” ဘာများ ကွာခြားပါသလဲ။ ဆိုရှယ်လစ် စနစ်တုန်းက မြန်မာပြည်ဟာ နိုင်ငံရေးအတွေးအခေါ် တခုအောက်မှာရှိတဲ့ တပါတီစနစ်ကို ကျင့်သုံးခဲ့တယ်။ အခုကျတော့ တိုင်းပြည်က စစ်အစိုးရ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ နိုင်ငံရေး အတွေးအခေါ် တခုအောက်မှာ ရှိတဲ့ ပါတီ စုံစနစ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ကြိုက်သော်ရှိ မကြိုက်သော်ရှိ ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲ တခုနဲ့ ကြုံရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို လွတ်လွတ် လပ်လပ် ဘက်လိုက်မှု မရှိ စီစဉ်တာ၊ ကြီးကြပ်တာနဲ့ အကောင်အထည် ဖော်တာတွေ ဖြစ်သင့်ပါတယ်။ ဒါမှ စစ်အစိုးရကနေ ပြည်သူ့ လွှတ်တော်ဆီကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အာဏာ လွှဲပြောင်းပေးနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကတော့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ပြည့်နေပြီး နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်တွေအပေါ် ဒီမိုကရေစီနည်းမကျတဲ့ စံတွေ သတ်မှတ်ထားတဲ့အပြင် ရွေးကောက်ပွဲကော်မရှင်ကိုလည်း သူတို့သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ဘယ်ပါတီကိုမဆို ဖျက်သိမ်းနိုင်တဲ့ အာဏာပေးထားပါသေးတယ်။

အဲ့ဒီဥပဒေ ပုဒ်မ ၄ (င) မှာ “ထောင်ဒဏ်ကျခံနေရသူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မရှိစေရ” လို့ ဆိုထားပြီး ပုဒ်မ ၁၀ (င) မှာ“ထောင်ဒဏ်ကျခံနေရသူများသည် နိုင်ငံရေးပါတီ အဖွဲ့ဝင် မဖြစ်စေရ” လို့ ရေးထားပါတယ်။

ဒီဥပဒေသတွေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို နိုင်ငံရေး ကနေ ဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါ့ပြင် ဥပဒေ အပိုဒ် ၆ မှာ “အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကို ပုဒ်မ ၅ အရ လျှောက် ထားသည့် လျှောက်လွှာတွင် ဖော်ပြရမည်” လို့ ဆိုထားပြီး ၆ (ဂ) မှာ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” လို့လည်း ထည့်သွင်း ရေးထားပါသေးတယ်။

ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းတဲ့ နိုင်ငံရေးပါတီဖွဲ့ခွင့် လျှောက်လွှာထဲမှာ အဲ့ဒီ နိုင်ငံရေးပါတီအနေနဲ့ အခြေခံ ဥပဒေ အတိုင်း လိုက်ပါဆောင်ရွက်မယ်လို့ သဘောတူရတာ ဖြစ်တယ်၊ ဒါကြောင့် ပါတီကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်ပွဲတွေ မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနဲ့ ပါတ်သက်ပြီး ဆွေးနွေးမှု မလုပ်ရဘူးလို့ ဆိုလိုတာ ဖြစ်တယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ပြောကြ ပါတယ်။ မဲဆွယ်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ ဒါမှမဟုတ် ပါတီကိုယ်စားလှယ်လောင်းတွေက အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးမယ်ဆိုရင် ပါတီအဖြစ် ဒါမှမဟုတ် ကိုယ်စားလှယ်လောင်းအဖြစ်က ဖျက်သိမ်းခံရနိုင်တယ်လို့ သူတို့က ထောက်ပြကြ ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲတွေ ပြီးသွားတဲ့အခါကျရင်တော့ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခြေခံ ဥပဒေပါ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို တင်ပြနိုင်လိမ့်မယ်လို့လည်း ဝေဖန် ဆန်းစစ်သူတွေက ပြောကြပါသေးတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ရွေးကောက်ပွဲဥပဒေကို ပြဌာန်းခဲ့ပေမယ့် စစ်အစိုးရက ပုဒ်မ ၄၄၁ ပါ ပြဌာန်းချက်ကို လျစ်လျူရှုခဲ့ပြီး အာဏာမတည်သေးတဲ့ အဲ့ဒီ ဖွဲ့စည်းပုံအတိုင်း လိုက်ပါဆောင်ရွက်ဖို့ နိုင်ငံရေးပါတီတွေကို သဘောတူခိုင်းတာ ဖြစ် ပါတယ်။

ပုဒ်မ ၄၄၁ မှာ “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြု ပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင် ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ အာဏာတည်သည်” လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာ မိသားစုကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပေဒေဟာ အခြေခံလူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီ မှုမရှိဘူးလို့ သူတို့ရဲ့ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ (က) မှာ “လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်” လို့ ဆိုထားပါတယ်။

နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတကာစာချုပ် အပိုဒ် ၂၅ မှာ “နိုင်ငံသားတိုင်း၌ မဲပေးပိုင်ခွင့် အခွင့်အရေးနှင့် မဲပေးခွင့် အခွင့်အလမ်း ရှိရမည်။ ထို့ပြင် နိုင်ငံသားတိုင်း သာတူညီမျှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော စစ်မှန်သည့် ရွေးကောက်ပွဲများသည် ဆန္ဒမဲ ပေးသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အာမခံနိုင်ရန် အလို့ငှာ လျှို့ဝှက်မဲပေးစနစ်ဖြင့် ကျင်းပရမည်” လို့လည်း ဖော်ပြထား ပါသေးတယ်။

နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်နဲ့ မြန်မာ့ ဒီမိုကရေစီ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံသားတိုင်း သာတူညီမျှ ဆန္ဒမဲ ပေးပိုင်ခွင့်ရဖို့၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေမှာ အရွေးချယ် ခံရခွင့် ရဖို့၊ ဒါတွေကနေတဆင့် မြန်မာ့ ဒီမိုကရေစီ အရေးကို မြှင့်တင်ဖို့ မမောနိုင် မပန်းနိုင် စည်းရုံး လှုပ်ရှားနေပါတယ်။

ဒါပေမယ့် သူဟာ စစ်အစိုးရရဲ့ နိုင်ငံရေး အကျဉ်းသား တယောက် ဖြစ်တာမို့ သူကိုယ်တိုင် ဆန္ဒမဲပေးတာနဲ့ ရွေးကောက်ပွဲမှာ ပါဝင်တာတွေကို ပိတ်ပင်ခံထားရသူ ဖြစ်ပါတယ်။

မြန်မာပြည် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာမိသားစုက သတ်မှတ်ထားတဲ့ ယုံကြည် စိတ်ချရမှု နဲ့ အားလုံး ပါဝင်နိုင်မှု ဆိုတဲ့ စံတွေကတော့ ရွေးကောက်ပွဲတွေ မစတင်ကတည်းကိုက ပျောက်ကွယ်နေခဲ့ပါပြီ။

Htet Aung ၏ Election Law Ensures No Credibility ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်

ကာတွန်းများ




မကွေးနှင့် ပွဲစဉ်တွင် ဇေယျာရွှေမြေ ကစားသမား အချို့ ကုတ်ခြစ် ခံရသည့် ဒဏ်ရာများ ရရှိ

ပြီးခဲ့သည့် မကွေး - ဇေယျာရွှေမြေ ပွဲစဉ်တွင် ဇေယျာရွှေမြေ ကစားသမား အချို့သည် ချွန်ထက်သည့် အရာ တစ်ခုခုဖြင့် ကုတ်ခြစ် ခံရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ကစားသမား များမှာ ဇေယျာရွှေမြေ၏ ကိုရီးယား ကစားသမား ကင်ကျူဂျွန်းနှင့် ဂျောင်ဆောင်းဘီ၊ ဆွီဒင် ကစားသမား အလက်ဇန္ဒားတို့ ဖြစ်ကြသည်။ အဆိုပါ ကစားသမား ၃ ဦးသည် တိုက်စစ် အသားပေး ကစားသမားများ ဖြစ်ကြပြီး မကွေး နောက်တန်းမှ အာဖရိက ကစားသမား များနှင့် ဘောလုံး ယှဉ်လုရင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဒဏ်ရာ များသည် လက်သည်း (သို့မဟုတ်) ချွန်ထက်သည့် အရာ တစ်ခုခုဖြင့် ကုတ်ခြစ် ခံရသည့် ပုံစံ ရှိကာ လည်ပင်း၊ မျက်နှာနှင့် ရင်ဘတ် တို့တွင် အနီစင်း ကြီးများ ဖြစ်ပေါ် နေခဲ့သည်ကို တွေ့ရသည်။



“သူတို့ ဒဏ်ရာတွေ ဘယ်လို ရသွားတယ်။ ဘယ်သူက လုပ်တယ် ဆိုတာကိုတော့ ကျွန်တော် မတွေ့မိလိုက် ပါဘူး။ သူတို့ ပြောတာတော့ မကွေးက အာဖရိက ကစားသမား တွေနဲ့ ဘောလုံးလုရင်း ရလာတာလို့ ဆိုပါတယ်။ ဘောလုံး အားကစားမှာ တစ်ဘက် ကစားသမားကို ရည်ရွယ်ချက် ရှိရှိ ထိခိုက်ဒဏ်ရာ ရအောင် လုပ်တဲ့ ဖြစ်ရပ်မျိုး ကိုတော့ ကျွန်တော် ရှုံ့ချပါတယ်။ ဒီနေ့ပွဲ ဟာလည်း တကယ့်ကို ဆိုးဆိုးရွားရွား ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင် ၃ မှတ် အပြည့် ရလိုက်တဲ့ အတွက် ကျွန်တော် ကျေနပ် ၀မ်းမြောက် မိပါတယ်” ဟု ဇေယျာရွှေမြေ နည်းပြချုပ် စတီဖန် ဟန်ဆန်က Soccer Myanmar သို့ ပြောကြား ခဲ့သည်။



ယင်းပွဲစဉ်တွင် ဇေယျာရွှေမြေ အသင်းသည် မကွေး အသင်းကို တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင် ရခဲ့ခြင်း ဖြစ်သည်။ သို့သော် ပွဲချိန် အတွင်း နှစ်ဘက် ကစားသမားများ ကတောက်ကဆ ဖြစ်ပွားမှု အများအပြား ရှိခဲ့သလို ပွဲအပြီး တွင်လည်း နည်းပြချုပ် ဟန်ဆန် အပါအ၀င် ဇေယျာရွှေမြေ အုပ်စုနှင့် မကွေး ကစားသမား အုပ်စုတို့ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားမှု ရှိခဲ့သည်။
စစ်ဖြစ်ပွားမယ့် အလားအလာတွေ click
ဗုံးပေါက်ကွဲမှု ကေအန်ယူလက်ချက်ဟု နအဖ စွပ်စွဲ click
မြန်မာပြည်၌ ကမ္ဘာ့လူတုပ်ကွေး ဆက်လက်ဖြစ်ပွားနေ click
ရွေးကောက်ပွဲအပေါ် ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်ဝင်များ သဘောထား ဗဟိုက တောင်း click
ရွေးကောက်ပွဲကို နိုင်ငံတကာက ဆန့်ကျင်ရန် မြန်မာအတိုက်အခံများက တိုက်တွန်း click
ပါတီများ ရန်ပုံငွေ အခက်အခဲ ရင်ဆိုင်ရ click
ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံတင်ရမည့် တည်ဆဲပါတီများ click
စေတနာ့ဝန်ထမ်း ရှေ့နေတဦး မြ၀တ်ီတွင် အဖမ်းခံရ click
မြန်မာအမျိုးသမီးကို နှိပ်စက်မှုဖြင့် စင်္ကာပူအိမ်ရှင် ထောင်ဒဏ်ကျ click
ဆယ်လူလာကို GSM ဖြင့် အစားထိုးမည် click
အင်တာနက် မြန်နှုန်းနိမ့်သော်လည်း အိုင်တီပြပွဲ နှစ်စဉ် ပြုလုပ် click
ဂျူးအခြေစိုက် အိမ်ရာဆောက်လုပ်မှုတွေ ရပ်စဲဖို့ ဘန်ကီမွန်း တောင်းဆို click
ကျန်းမာရေးအစီအစဉ်အတွက် သမ္မတ အိုဘားမား စည်းရုံး click
ထိုင်းဝန်ကြီးချုပ် ကမ်းလှမ်းချက် ဆန္ဒပြသူများ ပယ်ချ click
Vietnamese Poet Dies click
US activist was denied sleep ‘for 14 days’ click

တူးပို့ တူးလှဲ့ဝါ


ကဗျာကလည်း
ကဗျာချင်း ဖတ်တယ်။

ဂီတကလည်း
ဂီတချင်း တီးခတ်တယ်။

ခင်ဗျားတို့ကလည်း
ခင်ဗျားတို့ချင်း ဖက်ပွေ့တယ်။

ကျနော်တို့ကလည်း
ကျနော်တို့ချင်း ပုလင်းတူ ဘူးဆို့ ဖြစ်တယ်။

သမိုင်းတွေကလည်း
ရာဇ၀င်ကျောက်စာကို တီးမိခေါက်မိတယ်။

သဘောထား ကွဲလွဲတာနဲ့
အကြောက်အကန် ငြင်းခုန်မှုကလည်း
ပြင်းထန်နေပြန်ရော။

ဒေါ်အောင်ဆန်းစုကြည် ပန်ထားတဲ့
ပိတောက်ပန်းတွေက
ကျနော်တို့အားလုံး စိတ်ဝမ်းကို
ဖလန်းဖလန်းထအောင် မလန်းစေလို့လား ...။ ။

မောင်လွမ်းဏီ
၂ - ၃- ၂၀၁၀

Saturday, March 20, 2010

ရန်ကုန်မြို့လုံခြံရေးတင်းကျပ်

ရန်ကုန်မြို့ လုံခြုံရေး တင်းကျပ်မှု မြင်ကွင်း
ဓာတ်ပုံသတင်း
မတ် ၁၉၊ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ အလုံးအရင်းဖြင့် ချထားသည်။ (ဓာတ်ပုံများ - AP)

လူတစ်ယောက် လျော့၍ ရှုံးနိမ့်ခဲ့ခြင်း မဟုတ်သော်လည်း အားနည်းသွား စေခဲ့သည်ဟု မကွေး နည်းပြဆို

မကွေး အသင်း၏ နည်းပြချုပ် ဖြစ်သူ ဦးကြည်လွင်က ၎င်းတို့ အသင်းသည် ဇေယျာ ရွှေမြေနှင့် ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းမှာ လူတစ်ယောက် အထုတ်ခံရ၍ မဟုတ်ကြောင်း ပြောကြား သွားခဲ့သည်။

“အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲပါပဲ။ ကျွန်တော်တို့ ဘက်က လူတစ်ယောက် အထုတ်ခံခဲ့ရ ပေမယ့် အဲဒါကြောင့် ရှုံးတာလို့ မပြော ချင်ပါဘူး။ ဘောလုံး ဆိုတာ တစ်ဦး တစ်ယောက်တည်း အပေါ် မှီခိုပြီး ကစားတဲ့ပွဲ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ တစ်ယောက် အထုတ်ခံ ခဲ့ရလို့ အသင်းက နည်းနည်းတော့ အားနည်းသွား ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့နဲ့ အလှမ်းဝေးတဲ့ တစ်ဘက် ဆိုက်မှာ ဖြစ်သွားတာကြောင့် အထုတ်ခံရတဲ့ ဖြစ်ရပ်ကို သေသေချာချာ မမြင်လိုက်ရ ပါဘူး။ ဒိုင်က ပွဲကို ထိန်းလိုက်တဲ့ သဘော လုပ်လိုက်တာလို့ ထင်ပါတယ်။ ဒီပွဲ ရှုံးခဲ့ရတဲ့ အဓိက အချက်က ကျွန်တော်တို့ ဘက်က အခွင့်အရေး တွေကို အသုံးမချ နိုင်ခဲ့လို့ပါ။ ပယ်နယ်တီသာ ၀င်အောင် ကန်နိုင်ခဲ့ရင် ကျွန်တော် ရှုံးမှာ မဟုတ်ပါဘူး” ဟု ဦးကြည်လွင်က ပြောကြားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် မကွေး နောက်ခံလူ ချီယိုမာသည် ပွဲချိန် ၈၄ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် အထုတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ ၎င်း အထုတ် မခံရမီက မကွေး အသင်းသည် ဇေယျာရွှေမြေနှင့် အပြန်အလှန် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် များလည်း အများအပြား ရရှိခဲ့သည်။ ဇေယျာ ရွှေမြေ၏ တစ်လုံးတည်းသော အနိုင်ဂိုး သည်လည်း ချီယိုမာ အထုတ်ခံ ရပြီးနောက် ၃ မိနစ် အကြာတွင် ပေးလိုက်ရခြင်း ဖြစ်သည်။ ယနေ့ပွဲစဉ်တွင် ချီယိုမာသည် အခြား နောက်ခံလူ တစ်ဦး ဖြစ်သော မန်ဆာနှင့် အတွဲညီညီ ခြေစွမ်းပြ နိုင်ခဲ့သည်။ ထို့ပြင် ဇေယျာရွှေမြေနှင့် မကွေး အသင်းတို့မှ ကစားသမားနှင့် နည်းပြများသည် ပွဲအပြီးတွင် အနည်းငယ် ပဋိပက္ခ ဖြစ်ပွားခဲ့သည် ကိုလည်း တွေ့ရသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ဦးကြည်လွင်က “အဲဒီ ပြဿနာ ဖြစ်ရတဲ့ အဓိက အချက် ကတော့ ဇေယျာရွှေမြေ နည်းပြ (စတီဖန် ဟန်ဆန်) က ကျောနံပါတ် ၇ (လွင်ဦး) ကို နံပါတ် တပ်ပြီး ဆဲဆိုနေတာ ကြောင့် ဖြစ်ပါတယ်။ တကယ်တော့ နည်းပြ တစ်ယောက် အနေနဲ့ ဒီလိုမျိုး မလုပ်သင့် ပါဘူး။ အဲဒီမှာ စည်သူဝင်းက ဒေါသထွက်ပြီး သူ့ရဲ့ ကျောနံပါတ်ကို ပြပြီးတော့ မင်း ဘာလုပ်ချင်လဲ ဆိုပြီး မေးတာပါ” ဟု ပြောကြား သွားခဲ့သည်။ ပွဲကြည့်စင် ပေါ်မှ မြင်ကွင်းအရ စည်သူဝင်းသည် ဇေယျာရွှေမြေ နည်းပြဟာ လက်ဟန် ခြေဟန် ဖြင့်လည်း ဆဲဆိုခဲ့ကြောင်း တွေ့ရသည်။

ပွဲစဉ် -၂ တွင် ဥဿာ ယူနိုက်တက်ကို ၁-၀ဂိုးဖြင့် အနိုင်ယူကာ ရတနာပုံ အက်ဖ်စီ ၃ မှတ် ရယူနိုင်ခဲ့

Saturday, 20 March 2010 18:37

ရတနာပုံ အက်ဖ်စီရဲ့ မြန်မာ နေရှင်နယ်လိဂ် ၂၀၁၀ ဒုတိယ ပွဲစဉ်ကို ၂၀၁၀ခုနှစ် မတ်လ ၂၀ရက်နေ့က မန္တလေးမြို့ ဗထူး အားကစား ကွင်းတွင် ပဲခူးတိုင်း ကိုယ်စားပြု ဥဿာ ယူနိုက်တက် အက်ဖ်စီနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် ရတနာပုံ အသင်းက ဧည့်သည် ဥဿာ ယူနိုက်တက် အသင်းကို ၁-၀ဂိုးဖြင့် အနိုင်ရ သွားခဲ့သည်။

ရတနာပုံ အသင်းသည် ၀ါရင့် ကွင်းလယ် ကစားသမား ထွန်းထွန်းဝင်း၊ ပိုင်စိုးတို့ကိုပင် အရန် ကစားသမား အဖြစ် ထည့်သွင်းကာ အဖွင့်ပွဲတွင် ဒဏ်ရာ ရခဲ့သော ရန်ပိုင်၊ ကိုနေတို့ ပွဲထွက်ခဲ့သည်။ ဥဿာ ယူနိုက်တက် အသင်းတွင် မိုင်အိုက်နိုင်၊ ကျော်သက်ဦး၊ ဒီဂျာနယ်၊ မာစီယို စသည့် အမာခံ ကစားသမား အားလုံး ပွဲထွက်ပါဝင် ခဲ့ကြသည်။ ပွဲအစမှာပင် နှစ်သင်းလုံး အမြန် ကစားခဲ့ သောကြောင့် ပွဲက ကြည့်ကောင်းခဲ့ပြီး အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြသည်။ ပထမပိုင်း ၁၅မိနစ် အတွင်း နောက်တန်း ကစားသမားများ ခြေစွမ်း ပြနေသောကြောင့် ထိထိရောက် ကန်သွင်းခွင့် မရခဲ့ဘဲ ကွင်းလယ်တွင်သာ ကစားနေခဲ့သည်။

ပွဲချိန် ၁၆ မိနစ်တွင် ရတနာပုံ အသင်းက ဘယ်ခြမ်းမှ တိုက်စစ်ဆင် လာပြီး အောင်ခြမ်းမိုးမှ တဆင့် ရန်ပိုင်ဆီကို ဘောလုံးဖြတ်တင် ပေးလိုက်ရာ ရန်ပိုင်က ကိုနေ၏ ပြေးလမ်းကြောင်းထဲ ချပေးလိုက်သည်။ ကိုနေက ဥဿာ ယူနိုက်တက် နောက်ခံလူတွေ ကြားမှ ဆွဲထွက်ကာ အနီးကပ် ကန်သွင်းယူခဲ့ သောကြောင့် ရတနာပုံ အသင်း ဦးဆောင်ဂိုး ရခဲ့သည်။ ဥဿာ ယူနိုက်တက် အသင်းကလည်း ရံဖန်ရံခါ တိုက်စစ် ဆင်ခဲ့ပြီး ပွဲချိန် ၂၆ မိနစ်တွင် ညာကြောမှ မိုင်အိုက်နိုင်က ရတနာပုံ ဘယ်နောက်ခံလူ ချစ်စမ်းမောင်ကို ကျော်ကာ ကန်သွင်း သော်လည်း ယဉ်မင်းအောင် ဖမ်းမိခဲ့သည်။

ပွဲချိန် ၃၆ မိနစ်တွင် ရတနာပုံ ကစားသမား အောင်ကျော်မိုးကို အဖျက်ကြမ်း ခဲ့သော မာစီယို အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ပထမပိုင်း ပြီးရန် ၄မိနစ် အလို၌ ဘယ်ကြောမှ အဂျီမူ ဘောလုံး ဆွဲယူလာပြီး ရန်ပိုင်ဆီပေး၊ ရန်ပိုင်က ဘယ်အစွန်မှ ကွန်ပိုရီကို ချပေးလိုက်ရာ ကန်သွင်းသော်လည်း ကန်ချက် ပျော့သောကြောင့် ဂိုးသမား ဒီဂျာနယ် အသာအယာ ဖမ်းမိခဲ့သည်။ ပထမပိုင်း အပြီးတွင် ရတနာပုံက ၁-၀ဂိုးဖြင့် ဥဿာ ယူနိုက်တက်ကို ဦးဆောင် နေခဲ့သည်။



ဒုတိယပိုင်း ပြန်အစတွင် ရတနာပုံ အသင်းက ကြံ့ခိုင်မှု မပြည့်ဝသော ရန်ပိုင်ကို ထုတ်ကာ ရဲဇော်ထက်အောင်ကို ထည့်သွင်း ကစားခဲ့သည်။ ဥဿာ ယူနိုက်တက် အသင်းကလည်း ဒဏ်ရာ ရသွားသော ညီညီအောင် အစား ဟိန်းဇေယျာဝင်း ၀င်ရောက် ကစားခဲ့သည်။ ဥဿာ ယူနိုက်တက်က ချေပဂိုးရရန် ကစားအား တင်ကစား လာခဲ့သောကြောင့် ပွဲက ပို၍ အကြိတ်အနယ် ရှိခဲ့သည်။ ပွဲချိန် မိနစ် ၅၀တွင် မိုင်အိုက်နိုင်ကို အဂျီမူဂျွန် အဖျက် ကြမ်းခဲ့သောကြောင့် အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ၅၁မိနစ် အရောက်တွင် ရတနာပုံ အသင်းက ကွန်ပိုရီက ဒိုင်နှင့် နားလည်မှု လွဲခဲ့သောကြောင့် အ၀ါကတ် အပြခံခဲ့ရသည်။

ပွဲက ပို၍ အကြိတ်အနယ် ရှိခဲ့ပြီး တွန်းတွန်း တိုက်တိုက် ကစားလာခဲ့ သောကြောင့် မကြာခဏ ပြစ်ဒဏ်ဘောများ ပေးခဲ့ရသည်။ ပွဲချိန် ၅၈မိနစ်တွင် ရဲဇော်ထက်အောင်ကို အောက်ခြေမှ သိမ်းရိုက်ခဲ့သော အောင်မိုးကို ကွင်းလယ် ဒိုင်လူကြီး ဦးကိုကိုနိုင်က အ၀ါကတ်ပြ သတိပေးခဲ့သည်။ ၅၉မိနစ်တွင် မိုင်အိုက်နိုင် အဝေးမှ အမှတ်မထင် ကန်သွင်းချက် ကောင်းခဲ့သော်လည်း ဘေးထွက်ခဲ့သည်။ ပွဲချိန် မိနစ် ၆၀တွင် ရတနာပုံ အသင်းမှ အောင်ချမ်းမိုး အစား ထွန်းထွန်းဝင်း ၀င်ရောက် ကစားခဲ့သည်။ ရတနာပုံ အသင်း၏ ကစားပုံမှာ ပိုမို ကောင်းမွန်လာပြီး ဥဿာ ယူနိုက်တက်က ခံစစ်ဖြင့်သာ လိုက်ကစား နေခဲ့ရာ ပြစ်ဒဏ်ဘောများ မကြာခဏ ရခဲ့သည်။



ပွဲချိန် ၈၃မိနစ်တွင် ဥဿာယူနိုက်တက် အသင်းမှ မာစီယို အစား စန်းမင်း ၀င်ရောက် ကစားခဲ့သည်။ လူစားလဲမှု (၃)ကြိမ် ပြုလုပ်ပြီး သော်လည်း ဥဿာ ယူနိုက်တက်၏ တိုက်စစ်မှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိဘဲ ရတနာပုံ အသင်း၏ တောင်ပံ နှစ်ဖက် တိုက်စစ်က ပိုမို ကောင်းမွန် လာခဲ့သည်။ မိနစ် ၉၀ ပြည့်ခါနီးတွင် ဒိုင်လူကြီး ဦးကိုကိုနိုင်က ရဲဇော်ထက်အောင်အား ဟန်ဆောင် လှဲသည်ဟု ယူဆကာ အ၀ါကတ်ပြ ခဲ့သည်။ မိနစ် ၉၀ အပြီးတွင် ရတနာပုံက ဥဿာကို ၁-၀ဂိုးဖြင့် အနိုင်ရကာ (၃)မှတ်ရရှိ သွားခဲ့သည်။

ရတနာပုံ အသင်းသည် မတ်လ ၂၇ရက်နေ့တွင် မကွေး အက်ဖ်စီ အသင်းနှင့် MNL Grand Royal 2010 ပွဲစဉ်(၃) ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ကွင်းလယ်ဒိုင်လူကြီး-ဦးကိုကိုနိုင်
စည်းကြပ်ဒိုင်(၁)-ဦးတင်ထွန်းလေး
စည်းကြပ်ဒိုင်(၂)-ဦးမျိုးမင်းဟန်
အရန်ဒိုင်လူကြီး-ဦးသန်းဦး

ရတနာပုံ အက်ဖ်စီ
မန်နေဂျာ-မစ္စတာရိုဟန်
နည်းပြချုပ်-ဦးဇော်လေးအောင်

ပါဝင် ကစားသူများ-ယဉ်မင်းအောင်(ဂိုး-၁)၊ ကိုနေ(၄)၊ကျော်ခိုင်ဝင်း(၅)၊ ခင်မောင်ထွန်း (အသင်း ခေါင်းဆောင်-၇)၊ ရန်ပိုင်(၉)၊ ပက်ထရစ် ဂနိုစီယမ်(၁၃)၊ ချစ်စမ်းမောင်(၁၅)၊ ကွန်ပိုရီ(၁၇)၊ အောင်ကျော်မိုး(၁၉)၊ အဂျီမူဂျွန်(၂၀)။ အောင်ချမ်းမိုး(၂၂)၊ အရန်ကစားသမားများ- ကျော်ဇေယျာမင်း(၆)၊ သက်နိုင်(၈)၊ ထွန်းထွန်းဝင်း(၁၀)၊ ပိုင်စိုး(၁၁)၊ ရဲဇော်ထက်အောင်(၁၄)၊ သက်ပိုင်စိုး(၁၈)၊ သူရကိုကို(ဂိုး-၂၅)။

ဥဿာယူနိုက်တက် အက်ဖ်စီ
မန်နေဂျာ-ဦးထွန်းထွန်းလင်း
နည်းပြ-မစ္စတာ စီဗာဂျီ

ပါဝင် ကစားသူများ-ဒီဂျာနယ်(ဂိုး-၁)၊ ညီညီအောင်(၂)၊ မျိုးဝင်းအောင်(၃)၊ ကျော်စိုးလွင်(၄)၊ ညီမောင်မောင်အောင်(၅)၊ ကျော်သက်ဦး(အသင်းခေါင်းဆောင်-၆)၊ မိုင်အိုက်နိုင်(၁၀)၊ အောင်မိုး(၁၅)၊ မာစီယို(၁၇)၊ ချစ်ကိုကို(၂၃)၊ အော့တူး(၃၂)။ အရန်ကစားသမားများ- ဟိန်းဇေယျာဝင်း(၉)၊ ကောင်းထွန်း(၁၂)၊ စန်းမင်း(၁၄)၊ မြင့်နိုင်(၁၆)၊ လှထွန်းအောင်(၁၉)၊ ရဲလင်းနိုင်(၂၉)၊ ကိုကိုအောင်(ဂိုး-၃၀)။
အမေရိကန်အစိုးရအဖွဲ့အတွင်း မြန်မာကို တိုးမြှင့်ဒဏ်ခတ်ဖို့ ဆွေးနွေးနေကြပြီ click
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည် click
ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ click
အန်အယ်လ်ဒီ နှစ်ခြမ်းကွဲမှာ စိုးရိမ်မှုများ ထွက်ပေါ် click
ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်မှု မြင်ကွင်း click
ဒေလီမြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ click
မြန်မာသင်္ဘောသားများ ကံကြမ္မာ- ဆိုမာလီဓားပြများနှင့် ညှိနှိုင်း click
မြန်မာနဲ့ တောင်ကိုရီးယား ဆက်ဆံရေးမှာ စီးပွားရေးကို ပိုပြီး ရှေ့တန်းတင် click
ကမ္ဘာပေါ်က အချမ်းသာဆုံး ကုဋေကြွယ် သူဋ္ဌေးကြီးများ click

Friday, March 19, 2010

ကချင်ပြည်နယ်တွင် ဗုံး အလုံး ၃၀ ကျော် ဖမ်းမိ

Thursday, 18 March 2010 21:30
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ၀ါဝမ်ကျေးရွာအနီး၌ မတ်လ ၁၃ ရက်နေ့က ဗုံးအလုံး ၃၀ ကျော် ကို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည် ။
မိုးမောက်မြို့နှင့် ၄ မိုင်ခန့်အကွာရှိ ၀ါဝမ်ကျေးရွာအနီး ဆိုင်ကယ်စီးလာသူ ရွာသားတစ်ဦးထံမှ မူးယစ်ရဲတပ်ဖွဲ့က ဗုံး ၈ လုံး စတင်ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ပထမဖမ်းမိတာတော့ ဗုံး ၈ လုံး၊ ၀ါဝမ်ရွာသားတစ်ဦး ဆိုင်ကယ်နဲ့သယ်လာတာကို ရဲကမိတယ်။့ နောက်ပိုင်းစစ်ဆေးချက် အရ နောက်ထပ်ဗုံးတွေပါ ဖမ်းမိတယ် ” ဟု ဒေသခံက ပြောသည် ။

ယခုဗုံးဖမ်းဆီးရမိမှုကြောင့် ၀ါဝမ်ကျေးရွာ ဥက္ကဋ္ဌ အပါအ၀င် ကျေးရွာသား ၈ ဦး အား ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဝါ၀မ်ကျေးရွာသည် ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဋ္ဌာနချုပ် လိုင်ဇာနှင့်ကားလမ်းပေါက်သော နေရာဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင် ကေအိုင်အိုအဖွဲ့နှင့် အဆိုပါဗုံးများ ဆက်စပ်မှုရှိမရှိ မသိရ သော်လည်း ယခု ဗုံးဖမ်းမိ သည်မှာ မှန်ကန်ကြောင်း ကေအိုင်အိုနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

လတ်တလော ကချင်ပြည်နယ်အတွင်း လမ်းတံတားလုံခြုံရေးအတွက် နအဖစစ်တပ်နှင့်ရဲတပ်ဖွဲ့များ လုံခြုံရေး တိုးမြှင့်ချ ထားကြောင်း ဒေသတွင်းခရီးသွားများ ထံမှ သိရသည်။

ထို့အပြင် ကေအိုင်အို ထိန်းချုပ်ရာ နယ်စပ်ဒေသများသို့ နအဖစစ်တပ်များ စေလွတ်နေကြောင်း စစ်ဘက်သတင်းများက ဆိုသည်။

အထူးသဖြင့် ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် မိုင်အနည်းငယ်ခန့်ဝေးသော ဒုံဖုန်းယန်ရွာတွင် တပ်ရင်း ၂ ရင်းပို့ လွတ်ထားပြီး ပါဂျောင် နားဖေါ့တပ်စခန်းများ၌လည်း နအဖစစ်အင်အား ဖြည့်တင်းထားသည်ဟု ဆိုသည်။

Sunday, March 14, 2010


ည ...
လမင်းကို စနစ်တကျ ၀ှက်သိုထားရင်း
ကြောက်မက်ဖွယ် တိတ်ဆိတ်မင်းမူ
ကျနော် ဖေဖေ့ခြေသံတွေ ကြားနေရတယ် ...။

မိုးစက်တေးသံဂီတ
မုန်တိုင်း ယာယီရပ်နားချိန်
ရင်ခုန်သံလား
စိုးရွံ့သောက သက်ပြင်းရှိုက်သံလေလား
ဟိုး ... အဝေးဆီက
ဖေဖေ့ရဲ့ ဘ၀တောင်ပံရိုက်ခတ်သံများ ...
ကျနော် ကြားကြားနေရတယ် ...။

တောရိုင်းစံပယ်ပွင့်ကလေးတွေက
မနာလိုစရာကောင်းလောက်အောင် လှပမွှေးမြ
ငယ်ဘ၀ရဲ့ အိပ်မက်တွေကို ပြန်လို့ မက်ခွင့်ရတဲ့အခါ
ဝေးရင်း ဝေးရင်း ဝေးခဲ့ရင်းက
တဖြည်းဖြည်း နီးရင်း နီးရင်း ပိုပိုနီးလို့လာ ...
ဒါဟာ ...
ဘယ်လိုမှ အမှတ်မမှားနိုင်တဲ့
ဖေဖေ့ ဘင်ဂျိုသံ စစ်စစ်လေ ...။

မိသားစုဝင်တွေ မစုံရှာတော့တဲ့
နွမ်းလျယိုင်နဲ့ အိမ်အိုငယ်ကလေးတလုံးမှာပေါ့
ဖုံအလိမ်းလိမ်း ...
ပင့်ကူအိမ်တွေ ဖွဲ့နေသော်ငြား ...
ဖေဖေ့ရဲ့ ကျနော့်အပေါ် ထားရှိခဲ့သော
မေတ္တာတရားနဲ့ အလွမ်းများကို ...
ကိုယ်စား ပြန်လည်ပြောပြချင်လို့တဲ့
ရေဒီယိုအစုတ်ကလေးတလုံးဟာ
သစ္စာရှိရှိ စောင့်နေတယ် ...။ ။

(ဘယ်လိုနေ့ရက်၊ ဘယ်လ၊ ဘယ်ခုနှစ်မှာ သေချာစွာ ကွယ်လွန်သွားခဲ့သော အဖေသို့ ...)

ကမာပုလဲ
၂၀၁၀။
ရက် (၆၀) တိုက်ပွဲအကြို ပထမ သီတင်းပတ်အတွင်း တုန့်ပြန်ချက်များ click

မြန်မာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ဆုတောင်းပွဲနေ့ ကျင်းပ click

ပန်းပဲတန်းမြို့နယ် လမ်း (၃၀) မှာ (၃) ထပ်တိုက် ပြိုကျ click

ဝက်တုပ်ကွေးရောဂါ သံဃာ (၈) ပါး မုံရွာဆေးရုံတင်ထားရ click

Burgeoning Number of Foreign Workers Hot Issue in Singapore click

ထိုင်းအစိုးရ ဆန့်ကျင်ရေး လူထု သိန်းနဲ့ချီ ဆန္ဒပြ click

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစ္စရေးကို အမေရိကန် ပြစ်တင်ဝေဖန် click

Senior Hamas leader seized in West Bank - Israeli army click

Israel arrests Hamas leader click

Taliban Claims Responsibility for Afghan Bombings click

'Red Shirts' rally in Thai capital click

apan opens 98th national airport in Ibaraki click

ချင်းအမျိုးသားတို့၏ သမိုင်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းက ချင်းအမျိုးသားရေး ၀ါဒ၊ မြန်မာပြည် ခရစ်ယာန်သာသနာ နဲ့ မြန်မာ့သမိုင်းတွင် ချင်းလူမျိုးများရဲ့အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း လေ့လာမှုတခု ပြုလုပ်ခဲ့တယ်။


ချင်းတိုင်းရင်းသားတို့ရဲ့ ဇာတိလက္ခဏာ
ရှာပုံတော် - ဘာသာရေး၊ နိုင်ငံရေး နဲ့
လူမျိုးရေး လက္ခဏာတို့ကိုလေ့လာခြင်း။
လီယန် အိတ်ခ်ျ ဆပ်ခေါင် ရေးသားသည်။
အရှေ့တောင်အာရှလေ့လာရေး
နော်ဒစ်အင်စတီကျု မိုနိုဂရပ် အတွဲ ၉၁။
NIAS ပုံနှိပ်တိုက်။ ကိုပင်ဟေဂင် ၂၀၀၃။
စာမျက်နှာ ၂၈၀။

မြန်မာပြည်ရဲ့ အစောပိုင်းကာလ ချင်းလူ့အဖွဲ့အစည်းဟာ လူမျိုးနွယ်စု (၆) စု၊ မျိုးနွယ်စုငယ် (၆၃) စု၊ ထိုမျိုးနွယ်စု အရေအတွက်နီးပါးရှိတဲ့ ဒေသသုံးဘာသာ စကားများနဲ့ ဖွဲ့စည်းထားတဲ့ ကွဲပြားနေတဲ့ လူမျိုးနွယ်စု လူ့အဖွဲ့အစည်း ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာအပေါ်အခြေခံတဲ့ တူညီတဲ့ အမျိုးသားရေးလက္ခဏာတရပ်ကို အခိုင်အမာပြောဆိုရင်း စုစည်းညီညွတ်တဲ့ ခေတ်သစ် လူမျိုးစုတခုအသွင် ပြောင်းလဲခဲ့တယ်။ ဒီနေ့ခေတ်မြန်မာနိုင်ငံရှိ ချင်းတိုင်းရင်းသား ၈၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။

လီရန် အိတ်ခ်ျ ဆပ်ခေါင် (Lian H. Sakhong) ရေးသားတဲ့ ချင်းတိုင်းရင်းသား တို့ရဲ့ ဇာတိလက္ခဏာရှာပုံတော် - ဘာသာရေး၊ နိုင်ငံရေး နဲ့ လူမျိုးရေး လက္ခဏာ တို့ကိုလေ့လာခြင်း စာအုပ်ဟာ ဒီပြောင်းလဲမှုကို ဆန်းစစ် လေ့လာထားပြီး လွတ်လပ်ရေးရပြီးကတည်းက ဘာသာရေး၊ လူမျိုးရေးနဲ့နိုင်ငံရေးတို့ တခုနဲ့တခု ဘယ်လို ဆက်စပ်ရောယှက်နေကြတယ်ဆိုတာ ကျွန်တော်တို့ကို ပိုမိုနားလည် သဘောပေါက်စေပါတယ်။

ကိုလိုနီခေတ်အကြို ချင်းလူ့အဖွဲ့အစည်းမှာ နိုင်ငံရေးနဲ့ဘာသာရေးအာဏာဟာ ထပ်တူထပ်မျှဖြစ်ပြီး မျိုးနွယ်စုအကြီးအကဲများနဲ့ မြင့်မြတ်သောဆွေမျိုးစုဝင် တွေရဲ့ လက်ထဲမှာသာ ရှိကြတယ်။ ရိုးရာနတ်ဘုရားများဟာ အိမ်ထောင်စုများနှင့် ဆွေမျိုးစုများကို ကာကွယ်စောင့်ရှောက် ကြပြီး နတ်ဆိုးများ မလာနိုင်အောင် လည်း တားဆီးပေးတယ်။ ကံကောင်းခြင်းကို သယ်ဆောင်လာပြီး ကြမ္မာဆိုးကို မောင်းထုတ်ဖို့ရန်အတွက် နတ်ဘုရားများကို တိရစ္ဆာန်များနဲ့ ယာဇ်ပူဇော်ရန် လိုအပ်တယ်။ ဘာသာရေးအရ သန့်ရှင်း စင်ကြယ်တယ်လို့ယူဆထားတဲ့ မြင့်မြတ် တဲ့ဆွေမျိုးနွယ်စုများမှ အကြီးအကဲများက ပြုလုပ်တဲ့ ဘာသာရေးဆုတောင်းပွဲ များဟာ ဆုတောင်းပွဲအတွက် အခွန်အခ ကောက်ခံရန် အခါအခွင့်ဖြစ်တယ်။ ရရှိတဲ့ဓနဥစ္စာကို ပြန်လည်ခွဲဝေဖြန့်ဖြူးဖို့နဲ့ သူတို့ရဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ အခွင့်အာဏာကို ပြသဖို့အတွက် မျိုးနွယ်စုအကြီးအကဲများဟာ ရွာသူရွာသားတွေအတွက် ဘာသာရေးအထိမ်းအမှတ် စားပွဲသောက်ပွဲများ စီစဉ်ကျင်းပပေးလေ့ရှိတယ်။

ရှေးရိုးစဉ်လာ ချင်းလူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ် ခွဲခြားထားတယ်။ ထိပ်ဆုံးအလွှာမှာ အဓိကအားဖြင့် မျိုးနွယ်စုထဲမှ ပေါက်ဖွားလာတဲ့ ဆွေမျိုးစုများနဲ့ အောက်ဆုံးအလွှာက စစ်ပွဲမှာ ဖမ်းဆီးမိတဲ့ ဒါမှမဟုတ် ကြွေးမဆပ်နိုင်တာကြောင့် ကျေးကျွန်အဖြစ် နေကြရသူများ ဖြစ်တယ်။ ဒေသခံတွေဟာ အပြင်လူစိမ်းတွေကို အမြဲတမ်းသံသယရှိကြပြီး သူတို့နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတယ်။ ဒါကြောင့် ဘယ်လူမျိုးစုအကြီးအကဲကမှ ချင်းလူမျိုးစုအားလုံးကို အုပ်ချုပ်နိုင်ဖို့ သူတို့ရဲ့ သြဇာအာဏာကို ချဲ့ထွင်နိုင်ခြင်း မရှိခဲ့ပါဘူး။

၁၈၇၁ ခုနှစ်မှာ အကြိမ်ကြိမ်ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ကျေးကျွန်စံနစ်ကျင့်သုံးခြင်းကို အဆုံးသတ်စေဖို့ ဗြိတိသျှတို့က ချင်းဒေသအနောက်ဖက်ပိုင်းကို ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ ယခုအခါ လူရှီး လို့ လူသိများတဲ့ဒေသဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ကို အိန္ဒိယသို့ ပြည်နှင်ဒဏ်ပေးပြီးနောက် ဆယ်စုနှစ်တခုခန့်အကြာ ပုန်ကန်ထကြွမှုကို
ငြိမ်ဝပ်ပိပြားသွားအောင်နှိမ်နှင်းတဲ့ ဗြိတိသျှတို့ရဲ့စစ်ဆင်ရေးကို ချင်းတောင်တန်းဒေသမှာ အပြင်းအထန်ခုခံတွန်းလှန်ရာမှ ချင်းလူမျိုးတွေ ညီညွတ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီလောက်နဲ့မရခဲ့ပါဘူး။ ဗြိတိသျှတို့ဟာ ရွာတွေနဲ့ ရိက္ခာ သိုလှောင်ရာနေရာ တွေကို မီးရှို့ ပြီး လယ်ယာလုပ်ငန်းတွေကို ဖျက်ဆီးခဲ့တယ်။ ချင်းတောင်တန်းဒေသကို ထိန်းချုပ်နိုင်ခဲ့တယ်။

၁၈၈၈ ခုနှစ်လောက်မှာ ပထမဆုံး နှစ်ခြင်းခရစ်ယာန်သာသနာပြုအဖွဲ့များ ၀င်ရောက်လာတော့ ချင်းတိုင်းရင်းသားတို့ နောက်တကြိမ် ခုခံကြပြန်တယ်။ အထူးသဖြင့် ဘာသာတရားအသစ်က သူတို့ရဲ့အာဏာကို လျော့ပါးသွားအောင်လုပ်မှာကို ကြောက်ရွံ့ကြတဲ့ ချင်းတိုင်းရင်းသားအကြီးအကဲများနဲ့ အခွင့်ထူးခံ ဆွေမျိုးနွယ်စုများက ခုခံကြခြင်းဖြစ်တယ်။ ချင်းတိုင်းရင်း သားတွေဟာ နာမကျန်းဖြစ်မှုနဲ့ ကံကြမ္မာဆိုးများမှ အကာအကွယ်ပေးတဲ့ သူတို့ရဲ့ဘာသာရေးဆုတောင်းပွဲများကို စွန့်လွှတ်ဖို့ မလိုလားကြဘူး။ အကြီးအကဲများက ဘာသာပြောင်းသွားသူများကို ခရစ်ယာန်ဘာသာကို ချက်ချင်း စွန့်လွှတ်ဖို့ ဖိအားပေး ကြတယ်။ သူတို့က သူတို့ရဲ့ကလေးတွေအတွက် နှစ်ခြင်းခရစ်ယာန်က ဖွင့်တဲ့ စာသင်ကျောင်းအသစ်များကိုတော့ သဘော ကျတယ်။ ဒါပေမယ့် ဗြိတိသျှတို့က ပထမဦးဆုံး ၀င်လာတဲ့ ခရစ်ယာန်သာသနာပြုအဖွဲ့များကို စစ်ရေးအကာအကွယ် ပေးရလောက်အောင် မုန်းတီးမှုတွေက ရှိနေဆဲပါ။

၁၉၁၇ ခုနှစ်မှ ၁၉၁၉ ခုနှစ်အထိ ဗြိတိသျှတို့ဟာ ပိုမိုပျော့ပျောင်းတဲ့ ချည်းကပ်မှုကိုကျင့်သုံးပြီး လူမျိုးစု အကြီးအကဲများရဲ့ အခွင့်အာဏာကိုလည်း စတင် အသိအမှတ်ပြုလာတယ်။ ချင်းဘာသာစကားကို စာသင်ကျောင်းများမှာ သုံးစွဲဖို့ ခွင့်ပြုခဲ့တယ်။ ခရစ်ယာန်ဘာသာ ပြန့်ပွားရေးအတွက် မျိုးစေ့ချခဲ့တယ်။ ရင်းနှီးကျွမ်းဝင်ပြီးသား ဘာသာစကားနဲ့ အက္ခရာတို့ကို ပေါင်းစပ်မှု၊ ခေတ်သစ်ပညာရေးစနစ်နဲ့ တိုးပွားများပြားလာတဲ့ ချင်းတိုင်းရင်းသား ဓမ္မဆရာများက ချင်းတိုင်းရင်းသားအထက်တန်းလွှာ များနဲ့ ပထမကမ္ဘာစစ်အတွင်းက ပြင်သစ်ရှိ ဗြိတိသျှတပ်မှာ စစ်မှုထမ်းခဲ့ကြသူများအကြား ခရစ်ယာန်ဘာသာ ပြန့်ပွား လာအောင် အကူအညီပေးခဲ့တယ်။

လီယန်ဆပ်ခေါင်ဟာ ဘာသာကူးပြောင်းမှုဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ပြီး အခုလို ကောက်ချက်ချခဲ့တယ်။ ခရစ်ယာန်ဘာသာကို ကူးပြောင်းခြင်းဟာ နတ်ဘုရားများကို ၀တ်ပြုဆုတောင်းတဲ့ လမ်းဟောင်းကနေ ခွဲထွက်လိုက်သလို ဖြစ်ပေမယ့် ဒေသခံတွေရဲ့ တန်ဖိုးထားမှုများကို လက်ခံကျင့်သုံးဖို့ ချင်းခရစ်ယာန်ဘာသာကို တိုင်းရင်းဘာသာမှုပြုခဲ့တယ်။

ချင်းတိုင်းရင်းသားတို့ရဲ့ ဖန်ဆင်းရှင်ဘုရား သခင်က အကြီးမြတ်ဆုံးတန်ခိုးရှင်အဖြစ် သူတို့ကို စောင့်ရှောက်ပေးနေတဲ့ နတ်ဘုရားများနေရာမှာ အစားထိုးဝင်ရောက်ခဲ့တယ်။ ယစ်ပူဇော်ပွဲများကို ဘာသာရေးတရားပွဲများနဲ့ ၀တ်ပြုဆုတောင်းပွဲ များက အစားထိုးခဲ့တယ်။ ချင်းတိုင်းရင်းသားများအပေါ် သာသနာပြုအဖွဲ့များရဲ့ နိုင့်ထက်စီးနင်း အပြုအမူများနဲ့ ဘာသာရေး ယုံကြည်မှုများ ပြန့်ပွားအောင် ချင်းတိုင်းရင်းသား အထက်တန်းလွှာများအပေါ် သူတို့ရဲ့ အမြတ်ထုတ်မှုတွေရှိပေမယ့် တည်ဆောက်ထားပြီးသား ဓလေ့ထုံးစံများ၊ ယုံကြည်မှုများနဲ့ လိုက်လျောညီထွေဖြစ်စေရန်နဲ့ မျိုးနွယ်စုအပေါ် အခြေခံတဲ့ စုစည်းမှုမျိုးကို ကျော်လွန်တဲ့ လူမျိုးရေးလက္ခဏာသစ်တရပ်ကို ပုံဖော်နိုင်ရန် ခရစ်ယာန်ဘာသာကို ပြင်ဆင်ပြောင်းလဲ ခဲ့တယ်။

မြန်မာပြည် လွတ်လပ်ရေးရဖို့နီးကပ်လာချိန်မှာ တိုင်းပြည်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ရှုပ်ထွေးခက်ခဲတဲ့ စေ့စပ် ညှိနှိုင်းပွဲများအတွက် ချင်းတိုင်းရင်းသားတို့ ပြင်ဆင်မထားခဲ့ပါဘူး။ နောက်ဆုံးတော့ ဗဟိုအစိုးရအသစ်ထံမှ စီးပွားရေး အထောက်အပံ့ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ ချင်းတိုင်းရင်းသားကိုယ်စားလှယ်များ မြန်မာနိုင်ငံအတွင်း ပါဝင်ရန် ရွေးချယ်ခဲ့ကြတယ်။ ၁၉၄၈ ခုနှစ်တွင် ယခုလက်ရှိ ချင်းပြည်နယ်ရဲ့ ခေတ်သစ်နယ်နိမိတ်ကို ရေးဆွဲခဲ့ကြတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားလူမျိုးနွယ်စုအားလုံး စုစည်းညီညွတ်တဲ့ ဗမာ အမျိုးသားရေး လက္ခဏာသစ် တရပ်ကို ထူထောင်ရန် ၀န်ကြီးချုပ်ဦးနုဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အဆိုပြုခဲ့တယ်။ ဒီအဆိုပြုချက်ကို မြန်မာနိုင်ငံကို လူမျိုးရေးပဋိပက္ခများ၊ အမြင်ကျဉ်းတဲ့ အမျိုးသားရေးဝါဒနဲ့ ဆယ်စုနှစ် (၅) စုကြာခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းစစ်ဆီ အဆုံး၌ ဦးတည်စေတဲ့ ဘာသာရေးအစွန်းရောက် ယုံကြည်မှုရဲ့ ကနဦးအစအဖြစ် သတ်မှတ်တယ်လို့ လီယန်ဆပ်ခေါင်က ရေးသားခဲ့တယ်။

ဒါပေမယ့်လည်း ချင်းလူမျိုးများရဲ့နိုင်ငံသားဖြစ်မှု အဓိကအင်္ဂါရပ်တွေအဖြစ်နဲ့ ခေတ်သစ် အယူအဆတွေဖြစ်တဲ့ နိုင်ငံ၊ လူမျိုး နဲ့ နေထိုင်မှုဘ၀ စတာတွေနဲ့ အလားတူတဲ့ ရမ်၊ မီဖန်း နဲ့ ဖန်ဂလန် စတဲ့ အစဉ်အလာ ဓလေ့ထုံးစံ အယူအဆများကိုလည်း အသုံးပြုခဲ့ကြတယ်။

‘ဒီနေ့ခေတ်မှာ ခရစ်ယာန်ချင်းတိုင်းရင်းသားတွေဟာ မြန်မာစစ်အစိုးရရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံနေကြရတယ်။ မြန်မာ စစ်တပ်က ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီး၊ လက်ဝါးကပ်တိုင်များကို ဖယ်ရှားပစ်တယ်။ ခရစ်ယာန်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာထဲ အတင်းအကျပ်သွတ်သွင်းတယ်။ စေတီပုထိုးတည်ဆောက်တဲ့ နေရာမှာ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းတယ်။

ဒီစာအုပ်ဟာ မကြာခင်ကာလက ဖြစ်ပေါ်တိုးတက်မှုတွေ ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ချင်းတိုင်းရင်းသားတွေ ခရစ်ယာန် ဘာသာတရားအပေါ်အခြေခံတဲ့ အမျိုးသားရေးလက္ခဏာကို ဘယ်လိုဖွဲ့စည်းထူထောင်ခဲ့တယ်ဆိုတဲ့ သမိုင်းနောက်ခံ အသေးစိတ် အချက်အလက်များကို စာဖတ်သူများအား ပေးစွမ်းနိုင်ခဲ့ပါတယ်။

စာရေးသူဟာ လေးနက်တဲ့လူမှုအဆောက်အအုံ အပြောင်းအလဲများနဲ့ ရင်ဆိုင်ရတဲ့အခါ ထိန်းသိမ်းရမယ့် ဆက်စပ်မှုကို အလေးထားဖော်ပြရန်အတွက် လူမျိုးနဲ့နိုင်ငံသားဆိုင်ရာ အကြောင်းအရာများကို ချန်လှပ်ထားတယ်။ ချင်းတိုင်းရင်းသား များရဲ့ ကိုလိုနီခေတ်အကြို သမိုင်းနဲ့ပတ်သက်ပြီး သုတေသနတွေ ပိုမိုပြုလုပ် နိုင်ပါသေးတယ်။ အထူးသဖြင့် ချင်းနဲ့ဗမာ တော်ဝင်မျိုးနွယ်စုများအကြား အပြန်အလှန်ဆက်သွယ်မှုများအကြောင်း သုတေသန ပြုနိုင်ပါတယ်။ ဒါပေမယ့် ချင်းတိုင်းရင်းသားတွေရဲ့ ဇာတိလက္ခဏာ ရှာပုံတော် ဟာ ခေတ်သစ်စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူမှုဝန်းကျင်မှာ ခေတ်သစ်ချင်းလူ့အဖွဲ့အစည်းရဲ့ ဖြစ်ပေါ်တိုးတက်မှုအပေါ် ရှားပါးတဲ့လူမျိုးရေး သမိုင်းဆိုင်ရာအမြင်တခုကို ပေးနိုင်ခဲ့ပါတယ်။ ။

(၂၀၀၄ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Mikael Gravers ၏ A History of The Chin ကို ဆီလျော်အောင် ဘာသာပြန်ပါသည်)
God is good, All the time.

ဆီးလမ်းကြောင့် ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း စနစ်မှာပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါလက္ခဏာအချို့ကိုတွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာတွေဟာ လျှပ်တပျက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့
-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း
- ဆီးပူ ဆီးကျင်ခြင်း
- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း

-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့



ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း
-ကျောအောင့်ခြင်း
-အပြင်းဖျားခြင်း
-ချမ်းတုန်ခြင်း

-ပျို့အန်ခြင်း

- မူးဝေခြင်း

ဆီးအိမ်ပိုးဝင်ပြီးယောင်ခြင်း
-ဆီးစပ်နေရာတွင် နာကျင်ခြင်း
-ဆီးကျင်ပြီး မကြာခဏ ဆီးသွားချင်ခြင်း
-အဖျားသွေးငွေ့ငွေ့ရှိခြင်း


ဆီးလမ်းကြောင်း ယောင်ခြင်း
-ဆီးပူဆီးကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။

ဖြစ်ပွားရသော အကြောင်းများ
ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ဝင်ရောက်ပြီး ဆီးလမ်းကြောင်ထဲ၌ ပွားများကြရာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ရခြင်းဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းဟာ များသောအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျက်စားလေ့ရှိတဲ့ အကောင်တစ်မျိုးဖြစ်တဲ့ Escherichia coli ကြောင့် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ အခြား ပိုးမွှားတွေကတော့ ကာလသားရောဂါကိုဖြစ်စေနိုင်တဲ့ ganorrhonoes, clamydia နဲ့ herpes simplex virus တွေကြောင့်လည်း ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါသလဲ

၁။ အမျိုးသမီးများ
အမျိုးသမီးများမှာ ခန္ဓာဗေဒဖွဲစည်းပုံအရ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုတာကြောင့် ပိုးမွှားများဟာ ဆီးအိမ်ကို ရောက်ဖို့ လွယ်ကူတတ်ပါတယ်။ အမျိုးသမီးထုရဲ့ ထက်ဝက်ဟာ သူတို့ရဲ့ဘ၀ တသက်တာမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ခံစားရတတ်ပြီး တချို့မှာတော့ အကြိမ်တစ်ခါထက်မနည်း တွေ့ကြုံရတာကို တွေ့ရပါတယ်။

၂။ လိင်ဆက်ဆံမှုများသူများ
လိင်ဆက်ဆံမှုများသူများမှာ ဆီးလမ်းကြောင်းကို လှုံ့ဆော်ခြင်း၊ ပိုးမွှားမှာ အလွယ်တကူဝယ်ရောက်နိုင်ခြင်းတိုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတဲ့ပါတယ်။ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးများမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်များတာဟာ ထင်ရှား တာကို တွေ့ရပါတယ်။

၃။
သန္ဓေတားခြင်း
အမျိုးသမီးကွန်ဒွန်တမျိုးဖြစ်တဲ့ သုံးတဲ့ အမျိုးသမီးများ၊ သုတ်ပိုးသေစေတဲ့ဆေးများ သုံးတဲ့အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါတယ်။

၎။ ဇရာ
သွေးဆုံးပြီးအမျိုးသမီးတွေမှာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ အီစထရိုဂျင် နည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်နံရံများ ပါးလာခြင်း၊ ပွန်းပဲ့လွယ်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ကျောက်ကပ် တွင် ကျောက်တည်ခြင်း

ကျောက်ကပ်တွင်း ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်းကို ပိတ်စို့စေသော အခြားသော အကြောင်းအရာများဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။


၆။ဆီးချိုသွေးချိုနှင့် အခြားနာတာရှည်ရောဂါများ
ဒီရောဂါတွေဟာ ကိုယ်ခံအား စနစ်ကို ကျဆင်းစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။

၇။ ဆီးပိုက်များ
ဆီးပိုက်များကို ကြာရှည်စွာ သုံးစွဲရသော သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းများတာကို တွေ့ရပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ
ဆီးလမ်းကြောင်းပိုးဝင်မှုကို ထိရောက်စွာကုမယ်ဆိုရင် ပျောက်ကင်းလွယ်တဲ့ ရောဂါဖြစ်ပေမယ့် အမှုမဲ့အမှတ်မဲ့ထားမိတဲ့ခါ ကျောက်ကပ်အထိပိုးဝင်ခြင်း အဲဒီက တဆင့် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များမှာ ရောဂါလက္ခဏာများကိုလစ်လျူရှုမိခြင်း ၊ အခြားရောဂါများနှင့် အမှတ်မှားတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပိုမို ဖြစ်ပွားတာကို ပိုတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မယ်ဆိုရင်တော့ လမစေ့ဘဲ မွေးတတ်ခြင်း၊ ကလေးပေါင်မပြည့်တတ်ခြင်းတို့ကိုဖြစ်ဖို့အခွင့်အလမ်းပိုများ လာပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း
ရောဂါလက္ခာများကို သေချာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။
ဆီးစစ်ခြင်း နှင့် ဆီးပိုးမွေးခြင်း သင့်မှာအထက်ပါရောဂါလက္ခဏာများရှိပြီး သင့်ဆရာဝန်က ဆီးလမ်းကြောင်းပိုးဝင်မှုကို သံသယဖြစ်တဲ့အခါ ဆီးထဲမှာပါတဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ အခြားသော ဘက်တီးရီးယားတွေကို စစ်ဆေးဖို့ ပြောမှာဖြစ်ပါတယ်။ ဒါမှသံသယဖြစ်တယ်ဆိုရင်တော့ ဆီးပိုးမွေးခြင်းကို လုပ်နိုင်ပါတယ်။ ဆီးစစ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ရဲ့ဘယ်နေရာမှာ ပိုးဝင်တယ်ဆိုတာကို ခွဲခြားသိနိုင်မှာမဟုတ်လို့ သင့်ဝေဒနာ အသေးစိတ်ကို သင့်ဆရာဝန်ကို သေချာပြောပြဖို့ အရေးကြီးပါတယ်။

ကုသနည်း
မပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများကို ပြင်ပ လူနာအနေနဲ့ကုသမှုခံယူနိုင်ပြီး ပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများ၊ ဒါမှမဟုတ် အခြားသော နာတာရှည် ရောဂါရှိသူများနဲ့ သက်ကြီးရွယ်အိုများမှာတော့ ဆေးရုံတက်ပြီး ကုသမှုကို ခံယူဖို့လိုကောင်း လိုမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အတွက် သင့်ဆရာဝန်က Amoxicillin, Nitrofurantoin Ciprofloxacin Levofloxacin Sulfamethoxazole-trimethoprim စတဲ့ဆေးတွေနဲ့ ဘက်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ကုသပေးမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ဟာ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပေမယ့် သင့်အနေနဲ့ ဆရာဝန် ညွှန်ကြားတဲ့ရက်ပြည့်တဲ့အထိ ပိုးသတ်ဆေးကို သောက်သုံးသင့်တာဖြစ်ပါတယ်။ ဒါမှသာ သင့်ကိုယ်တွင်းက ဘက်တီးရီယားပိုးကို အပြီးတိုင်ရှင်းလင်းပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဆီးကျင် ဆီးအောင့်ခြင်းအတွက် အချို့သော အကိုက်အခဲပျောက်ဆေးများက သင့်ကိုကူညီမှာဖြစ်ပေမယ့် သင့်မှာရှိတဲ့အခြားရောဂါတွေကို သင့်ဆရာဝန်ကို ဖွင့်ပြောတိုင်ပင်ဖို့လည်း မမေ့သင့်ပါဘူးလေ။ ဆီးလမ်းကြောင်းအတွက် သောက်သုံးတဲ့အကိုက်အခဲပျောက်ဆေး အချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆီးအရောင် ပြောင်းတတ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးသားပြီးဆုံးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေ နဲ့ဆေးရဲ့ဆိုးကျိုးတွေကို ချင့်ချိန်ပြီး အမျိုးသမီးဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို ပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်း ပိုးဝင်မှုအကြိမ်ရေကို လျော့ကျစေမှာဖြစ်ပါတယ်။

ထပ်ခါထပ်ခါ
အကယ်လို့ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ဝေဒနာကို ထပ်ခါထပ်ခါ ခံစားနေရမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်က ပိုးသတ်ဆေးကို ရက်အနည်းငယ်ပိုသောက်ခိုင်းခြင်း ဒါမှမဟုတ် သင်ခံစားနေရတဲ့ဝေဒနာ လက္ခဏာပေါ်မူတည်ပြီး ပိုးသတ်ဆေး ရက်တိုများကို ချိန်ဆသောက်ခိုင်းခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်။ ဆီးပိုးစစ်တဲ့ တစ်ခါသုံး stick လေးတွေကို အခုအခါ အလွယ်တကူရနိုင်ပြီး အဲဒါတွေကတဆင့် အတော်ကို တိကျတဲ့အဖြေရနိုင်တာမို့ သင့်မှာရောဂါလက္ခဏာ ခံစားရပြီဆိုရင် အလွယ်တကူ စစ်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပိုးသတ်ဆေးကို သုံးစွဲသည်ဖြစ်စေ သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲတာ ဟာ သင့်အတွက် သင့်တော် စိတ်ချရဆုံးပဲဖြစ်ပါလိမ့်မယ်။

အိမ်တွင်းဆေး
ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အခါ သင့်အနေနဲ့ဆေးထိုးဆေးသောက်တာတွေ အပြင်အိမ်တွင်းကုသနည်းအနေနဲ့ ဝေဒနာ သက်သာအောင် လုပ်နိုင်တာတွေကတော့

၁။ ရေများများသောက်ပါ ရေများများ သောက်ခြင်းဟာ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်းကို သန့်စင်စေမှာဖြစ်ပါတယ်။

၂။ ကော်ဖီနှင့် အချဉ်ဓါတ် ကော်ဖီ၊ အရက်သေစာ၊ ကိုကာကိုလာ အစရှိတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့အချိုရည်များမကြာခဏ ဆီးသွားစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ အဲဒီအရာတွေ အလွန်အမင်း သောက်သုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

၃။ ရေနွေးအိတ်ကပ်ပေးခြင်း ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဆီးအိမ်အောင့်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်ပါတယ်။
သောက်ဆေးထိုးဆေးအပြင် လူနေ မှုစတိုင်ပြောင်းလဲပေးခြင်းဟာလည်း ဆီးလမ်းကြောင်း ပိုးဝင်မှုကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒါလေးတွေကတော့

၁။ အရည်များများ သောက်ပေးပါ။ ဆီးလမ်းကြောင်းဟာ ခန္ဓာကိုယ်က အညစ်အကြေးမှန်သမျှကို စွန့်ပစ်ရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရည်များများသောက်ခြင်း အထူးသဖြင့် ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခြားသော လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များကိုလည်း သင့်မှာ အခြားကျန်းမာရေးပြသနာမရှိဘူးဆိုရင် သောက်သုံးနိုင်ပါတယ်။

၂။ ရေအိမ်တက်တဲ့အခါ ကျင်ကြီးကျင်ငယ်သွားပြီးလို့ သန့်စင်တဲ့အခါ ခန္ဓာကိုယ်အရှေ့ပိုင်းမှ အနောက်ဘက်ဆီသို့ သန့်စင်ခြင်းဟာ စအိုမှ ဘက်တီးရီးယားများ ဆီးလမ်းကြောင်းဘက်သို့ရောက်လာနိုင်မှုကို လျော့ကျစေတာမို့ ကောင်းတဲ့အကျင့်လေး တစ်ခုဖြစ်ပါတယ်။

၃။ ရေအိမ်အမြန်သွားပေးပါ။
သင့်အဖော်နဲ့ ကိစ္စပြီးဆုံးတဲ့အခါ အလျှင်အမြန်ဆီးသွားပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အတန်အသင့် လျော့ကျစေပါမယ်။ ရေတစ်ခွက် သောက်ခြင်းဟာလည်း ဘက်တီးရီးယားတွေကို အတန်အသင့်ရှင်းလင်းပေး တယ်လို့ ဆိုပါတယ်။


၎။ အမျိုးသမီးသုံးပစ္စည်းအချို့
အချို့သော အမျိုးသမီးသုံး အမွေးအကြိုင်များနဲ့ အမျိုးသမီးသုံးပစ္စည်းအချို့ဟာ ဆီးပြွှန်ကို လှုံ့ဆော်ပေးတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်အလမ်းကို ပိုဖြစ်စေပါတယ်။


ဒီဆောင်းပါးလေးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တစေ့တစောင်း သိနိုင်ဖို့ ရည်ရွယ်တာမို့ စာဖတ်သူအနေနဲ့ သတိထားသင့်တဲ့အချက်တွေကို သိရှိနိုင်မှာဖြစ်ပြီး သင့်ဆရာဝန်ဆီကိုသွားတဲ့အခါမှာလည်း သင့်အတွက် မေးစရာမေးခွန်းအချို့ အဆင်သင့်ရှိနေပြီလို့ ယူဆပါတယ်။ ဆေးပညာရဲ့ လျှို့ဝှက်ချက်အတိုင်း ဘယ်စာအုပ်ဘယ် ၀က်ဘ်ဆိုက်တ် ကမှ သင့်ဆရာဝန်နဲ့ အစားထိုးနိုင်မှာမဟုတ်တာမို့ သင့်ရဲ့မိသားစုဆရာဝန် ကို ရောဂါလက္ခဏာများကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။

မူရင်း
1. Mayoclinicstaff. http://www.mayoclinic.com/health/urinary-tract-infection/DS00286. Mayoclinic; 2008; Available from: http://www.mayoclinic.com/health/urinary-tract-infection/DS00286.
2. ; Available from: http://en.wikipedia.org/wiki/Urinary_tract_infection.


မွန်းသက်ပန် (ဆေး ၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်